နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ပင်သာရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စစ်ကောင်စီက PDF အယောင်ဆောင်ကာ ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် ညောင်ပင်သာကျေးရွာက ရွာခံ အယောက် ၂၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) အယောင်ဆောင်ပြီး ဒေသခံများကို ခေါ်ယူကာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူများရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ညောင်ပင်သာရွာမှာ သတ်ဖြတ်ခံရသူများရဲ့ မိသားစုဝင်အချို့ စကားသံ ရုပ်သံမှတ်တမ်းကို KNU က မတ်လ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

“ ကျနော့်အဒေါ်နဲ့ အမေပါ ပါသွားတယ်။ အကုန်လုံးလိုလိုက ကျနော် အိမ်နီးနားချင်းဆိုတော့ အကုန်လုံး ကိုယ့်မိသားစုတွေပဲ။ အသတ်ခံရတာကတော့ ရက်ရက်စက်စက်ကို မီးရှို့အသတ်ခံရတာ။ လူမဆန်ဘူးပေါ့ဗျ။ PDF လိုလို ဘာလိုလို သူတို့က လာတာ။ နင်တို့ကို ငါတို့ ကူညီမယ် (ဆိုပြီး) သူတို့ သွေးဆောင်ဖြားယောင်းတယ်” လို့ ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောပါတယ်။


အကူအညီလိုအပ်နေတဲ့ဒေသခံများအား အဲ့ဒီလို သွေးဆောင်ဖြားယောင်း ဖမ်းဆီးပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ ညောင်ပင်သာရွာမှ ကလေးငယ် (၄) ဦး၊ အမျိုးသမီး (၉) ဦး အပါအဝင် (၁၉) ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးကို သင်္ချိုင်းကုန်းနားမှာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နှိပ်စက်သတ်ဖြတ်ခံရသူရဲ့ဇနီးဖြစ်သူက သူ့ရဲ့အမျိုးသား အကြွေးတောင်းရန် ထွက်သွားရာ အိမ်ပြန်မလာ၍ စုံစမ်းခဲ့ရာ သတင်းမရခဲ့ကြောင်း၊ ပျောက်ဆုံးပြီး (၂) ရက်မြောက်နေ့မှာ သင်္ချိုင်းကုန်းဘက်မှာ အလောင်းတစ်လောင်း တွေ့တယ်ဆိုလို့ သွားကြည့်ရာ သူ့ရဲ့အမျိုးသား ဖြစ်နေပြီး နှိပ်စက်သတ်ဖြတ်ခံထားရကြောင်း ပြောပြပါတယ်။

ညောင်ပင်သာရွာမှာ မေလ (၁၀) ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို KNU က တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် (၅) ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လှီ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီ ညောင်ပင်သာရွာမှာ မေလ (၁၀) ရက်နေ့က တိုက်ပွဲဖြစ်ပွားမှု အပါအဝင် တိုက်ပွဲဖြစ်ပွားတာ (၃) ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဝင်လာတဲ့ စစ်ကောင်စီတပ်က တွေ့တဲ့ဒေသခံ ပြည်သူများကို မကြောက်ရန် ပြောဆိုခေါ်ထုတ်သွားပြီး ရွာလယ်ပိုင်းလောက်မှာ မျက်နှာကို အဝတ်တွေနဲ့စည်း၊ တိပ်တွေကပ်၊ ကြိုးတွေတုပ်ကာ လည်ပင်းလှီး၊ ခေါင်းတွေကို ရိုက်ခွဲကြတာကြောင့် ဦးနှောက်ထွက်ကာ သေဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။။

မိန်းမ (၁၁) ယောက်ထဲမှာ ကလေး (၂) ယောက် ပါပြီး ယောက်က်ျား (၈) ယောက်ထဲမှာ ကလေးသုံးယောက် ပါဝင်တယ်လို့ သိရပါတယ်။ အဲဒါကို ကလေးတွေနဲ့ မိန်းမတွေနဲ့က တစ်ပုံ၊ ယောက်ျားတွေချည်းပဲ ကိုယ်ကသပ်သပ် တစ်ပုံ ပုံပြီး မီးရှို့ခဲ့တယ်” လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက အခုလို ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုလိုကြောင်း၊ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကူအညီ မရခဲ့ကြောင်း၊ ဒါပေမဲ့လည်း ထပ်မံတောင်းဆိုလိုကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် အာဆီယံအနေနဲ့လည်း မြန်မာပြည်သားများအတွက် ဘာမှ မလုပ်ပေးနိုင်ကြဘဲ စစ်ကောင်စီနှင့် အကျိုးတူ ဖြစ်နေပြီလားလို့ မေးခွန်းထုတ်လိုကြောင်း ဒေသခံတွေက ပြောကြပါတယ်။
Era’sEyes /Photo -CRD /Edited: Grace

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 11 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 27 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 28 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 30 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့