မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း တစ်ကျွန်းလုံးရှိ ရွာပေါင်း ၂၄ ရွာလုံး ပျက်စီးခဲ့ရပြီး လူသေဆုံးမှု အချို့ရှိခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းပေါ်ရှိ ဦးဂါကျေးရွာ၊ ဇီးကိုင်၊ မြင်ခချောင်း၊ ဆားပြင်ကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ ကူတောင်၊ ရွှေလောင်း တင်၊ ကံပြင်၊ မြင်းကန်းချောင်ကျေးရွာ အပါအဝင် ရွာပေါင်း ၂၄ ခုလုံးမှာ နေအိမ်များအားလုံး ပြိုလဲပျက်စီးသွားပြီး မိုးစဲကျွန်း တစ်ကျွန်းလုံးပေါ်ရှိ ပြည်သူများအားလုံး အခုထိ ကူညီကယ်ဆယ်ရေး မရှိသေးဘူးလို့ သိရပါတယ်။
ရသေ့တောင်မြို့ အတွင်း ဆေးရုံးဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများနဲ့ ဌာနဆိုင်ရာရုံးများ ဆက်သွယ်ရေး တာဝါတိုင်များ အပါအဝင် လူနေအိမ်အားလုံးနီးပါး ပျက်စီးသွားခဲ့တာကြောင့် ဒေသခံတွေအခက်ခဲများဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
Era’sEyes /Photo -CJ