ခုနှစ် ၊ ဇူလိုင် (၁၈)ရက် ၊ ခေတ်မျက်လုံး။
ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်မှ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို သိန်း ၅၀ ဆုချီးမြှင့်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်တယ်လို့ CDF ဟားခါးက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ် ၂၆၆ ခြေလျင်တပ်ရင်းက တပ်သားတစ်ဦးဟာ MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု ၊ ကျည်ဆန် ၁၂၆ တောင့်နဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတပ်သားကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Era’sEye