စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်သို့ အင်အားဖြည့်ပြီး ပြန်လာတဲ့ တပ်မ(၃၃)စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force MNRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီယာဥ်တန်းဟာ ကားလေးစီးပါပြီး မြင်းမူမြို့နယ် ထီးဆောင်းရွာယာယီစခန်းသို့ စစ်ကူအင်အား အများအပြားဖြည့်ပြီး ပြန်လာတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ည ၉နာရီ ၄၅မိနစ်ခန့်က စစ်ကိုင်း – မုံရွာလမ်းပိုင်း၊ ထီးဆောင်းနဲ့ ကန်ဖျားဇရပ်ကြားနေရာမှာ ယာဉ်တန်းပါကားလေးစီးအနက် ရှေ့ဆုံးနှစ်စီးကို မိုင်း ၁၀လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MNRFက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး စစ်ဆင်ရေးကို Moe Nyo Revolution Force MNRFနဲ့ PENTAGRAM တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြင်းမူနယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ စစ်ရေးတင်းမာနေပြီး မူးမန္တလေးကျေးရွာကို မနေ့ညပိုင်းမှာ မီးတင်ရှို့နေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Era’sEye /ပုံအဟောင်း