ဒီကနေ့ ဇူလိုင်လ (၁၈) ရက်နေ့ ညနေ (၆) နာရီနောက်ပိုင်းမှာ စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေပြည်တော်က MOGE ဘဏ္ဍာရေးဌာနမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နုနုရီ အပါအဝင် အခြားအရာရှိများ ပြန်လည်လွတ်မြောက်လာကြောင်း နေပြည်တော်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။
နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို ဇူလိုင်(၆) ရက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး အရာရှိအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဇူလိုင် (၁၄) ရက်နေ့မှာ စီမံရေးဌာနမှ ဦးကျော်ကျော်အောင် အပါအဝင် (၄) ဦးပြန်လည်လွတ်မြောက်လာပေမယ့် အဲ့ဒီနေ့မှာပဲ MOGE ရဲ့ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ထွန်းနဲ့ ကမ်းလွန်ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော် အပါအဝင် အခြားတာဝန်ရှိသူများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ခေတ်မျက်လုံးက သတင်းရရှိထားပါတယ်။
ErasEye