နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးပြည်သူများအပေါ် အမေရိကန်ရဲ့ရပ်တည်ချက်ကို ကမ္ဘာနဲ့အဝှမ်း ပြသရန် လာရောက်တာလို့ အမေရိကန်သမ္မတ ဘိုင်ဒန်ဆို

အစ္စရေးနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်က ၁၈ ရက်နေ့က ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံရာမှာ အစ္စရေးနိုင်ငံကို ထောက်ခံကြောင်း အတည်ပြုခဲ့ပြီး ဟားမတ်စ်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှုတ်ချခဲ့ပါတယ်။
သမ္မတဘိုင်ဒန်သည် ခရီးစဉ်ရဲ့ရည်ရွယ်ချက်မှာ အစ္စရေးပြည်သူများအပေါ် အမေရိကန်ရဲ့ရပ်တည်ချက်ကို ကမ္ဘာနဲ့အဝှမ်း ပြသရန်ဖြစ်ကြောင်း မစ္စတာနေတန်ယာဟုကို ရှင်းပြခဲ့ပြီး၊ အဲ့ဒါကို ရှင်းရှင်းလင်းလင်း ပြသရန် လူကိုယ်တိုင် လာရောက်လည်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အောက်တာဘာလ (၇) ရက်နေ့က အစ္စရေးအပေါ် ဟားမတ်စ်က ကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့နှိုင်းစာရင် အစ္စလမ္မစ်နိုင်ငံတော် အီရတ်နဲ့ ဆီးရီးယား (ISIS) အစွန်းရောက်အဖွဲ့ကမှ တနေရာရာမှာ ဆင်ခြင်တုံတရား မြင်ရသေးတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာ အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြုရာတွင် ဟားမတ်စ်က ပါလက်စတိုင်းအားလုံးကို ကိုယ်စားမပြုကြောင်း သတိထားရန် လိုအပ်ကြောင်း သမ္မတဘိုင်ဒန်က အလေးပေးပြောကြားခဲ့ပါတယ်။

“ စစ်ပွဲအတွင်း အမေရိကန်သမ္မတတစ်ဦး အစ္စရေးကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်” “ဂျူးလူမျိုးတွေရဲ့ အနာဂတ်နဲ့ ထူးခြားတဲ့ ဂျူးလူမျိုး နိုင်ငံတော်ကို သင်ဘယ်လောက် လေးလေးနက်နက် အလေးထားတယ်ဆိုတာ ပြသနေပါတယ်။” လို့ ပြောခဲ့ပြီး ဝန်ကြီးချုပ် နေတန်ယာဟုက “ အစ္စရေးနိုင်ငံသားတွေရဲ့ကိုယ်စား” ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးကို ထောက်ခံအားပေးနေတဲ့ မိတ်ဆွေစစ်တွေ ရှိရတာ အံ့သြစရာကောင်းပါတယ်။ ပိုကောင်းတဲ့အချက်က သမတရဲ့ခရီးစဉ်ကို လက်ခံရရှိခဲ့တာပါပဲ လို့ ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်တိုက်ခိုက်မှုအတွင်း အမေရိကန် ၃၁ ဦး သေဆုံးခဲ့ကြောင်းလည်း ဘိုင်ဒန်က အတည်ပြုခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့က လူပေါင်း ၁၃၀၀ ကျော်ကို သတ်ဖြတ်ခြင်းဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ရှုမြင်ကြောင်းနဲ့ ကလေးငယ်များ အပါအဝင် လူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
နေတန်ယာဟုနဲ့တွေ့ဆုံပြီးနောက် ဘိုင်ဒန်ဟာ အစ္စရေးရဲ့စစ်ဘက်ရေးရာဝန်ကြီးအဖွဲ့နဲ့ တွေ့ဆုံရန် စီစဉ်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 26 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 37 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ)
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 38 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 42 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 35 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီမှု လက်ရှိအခြေအနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 38 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၂၇ရက် ‌ဗီယက်နမ်လူမျိုးဘိက္ခူအရှင်ပညာကာရ (Bhikkhu Paññākāra) ဦးဆောင်ပြီး အာလောက (Aloka) လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင် ပါဝင်တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့ဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုတစ်ခွင် မိုင်ပေါင်း ၂,၃၀၀ ရှည်လျားတဲ့
နိုင်ငံတကာသတင်း အမေရိကန်

မင်နီဆိုတာ (Minnesota) သတ်ဖြတ်မှုအပေါ် ကန့်ကွက်မှုများပြင်းထန်လာချိန်တွင် အိမ်ဖြူတော်က နောက်ဆုတ်မည့် အလားအလာများ စတင်ပြသလာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 47 Views
CNN -၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မင်နီဆိုတာပြည်နယ်သို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ အလုံးအရင်းနှင့်စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်မည့်လက္ခဏာများကို တနင်္လာနေ့တွင် ပြသခဲ့သည်။ ၎င်းသည် မြေပြင်မှ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ကို အစားထိုးလဲလှယ်ခဲ့ပြီး ပြည်နယ်၏ ဒီမိုကရက်တစ်
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 47 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊