နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးပြည်သူများအပေါ် အမေရိကန်ရဲ့ရပ်တည်ချက်ကို ကမ္ဘာနဲ့အဝှမ်း ပြသရန် လာရောက်တာလို့ အမေရိကန်သမ္မတ ဘိုင်ဒန်ဆို

အစ္စရေးနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်က ၁၈ ရက်နေ့က ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံရာမှာ အစ္စရေးနိုင်ငံကို ထောက်ခံကြောင်း အတည်ပြုခဲ့ပြီး ဟားမတ်စ်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှုတ်ချခဲ့ပါတယ်။
သမ္မတဘိုင်ဒန်သည် ခရီးစဉ်ရဲ့ရည်ရွယ်ချက်မှာ အစ္စရေးပြည်သူများအပေါ် အမေရိကန်ရဲ့ရပ်တည်ချက်ကို ကမ္ဘာနဲ့အဝှမ်း ပြသရန်ဖြစ်ကြောင်း မစ္စတာနေတန်ယာဟုကို ရှင်းပြခဲ့ပြီး၊ အဲ့ဒါကို ရှင်းရှင်းလင်းလင်း ပြသရန် လူကိုယ်တိုင် လာရောက်လည်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အောက်တာဘာလ (၇) ရက်နေ့က အစ္စရေးအပေါ် ဟားမတ်စ်က ကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့နှိုင်းစာရင် အစ္စလမ္မစ်နိုင်ငံတော် အီရတ်နဲ့ ဆီးရီးယား (ISIS) အစွန်းရောက်အဖွဲ့ကမှ တနေရာရာမှာ ဆင်ခြင်တုံတရား မြင်ရသေးတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာ အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြုရာတွင် ဟားမတ်စ်က ပါလက်စတိုင်းအားလုံးကို ကိုယ်စားမပြုကြောင်း သတိထားရန် လိုအပ်ကြောင်း သမ္မတဘိုင်ဒန်က အလေးပေးပြောကြားခဲ့ပါတယ်။

“ စစ်ပွဲအတွင်း အမေရိကန်သမ္မတတစ်ဦး အစ္စရေးကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်” “ဂျူးလူမျိုးတွေရဲ့ အနာဂတ်နဲ့ ထူးခြားတဲ့ ဂျူးလူမျိုး နိုင်ငံတော်ကို သင်ဘယ်လောက် လေးလေးနက်နက် အလေးထားတယ်ဆိုတာ ပြသနေပါတယ်။” လို့ ပြောခဲ့ပြီး ဝန်ကြီးချုပ် နေတန်ယာဟုက “ အစ္စရေးနိုင်ငံသားတွေရဲ့ကိုယ်စား” ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးကို ထောက်ခံအားပေးနေတဲ့ မိတ်ဆွေစစ်တွေ ရှိရတာ အံ့သြစရာကောင်းပါတယ်။ ပိုကောင်းတဲ့အချက်က သမတရဲ့ခရီးစဉ်ကို လက်ခံရရှိခဲ့တာပါပဲ လို့ ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်တိုက်ခိုက်မှုအတွင်း အမေရိကန် ၃၁ ဦး သေဆုံးခဲ့ကြောင်းလည်း ဘိုင်ဒန်က အတည်ပြုခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့က လူပေါင်း ၁၃၀၀ ကျော်ကို သတ်ဖြတ်ခြင်းဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ရှုမြင်ကြောင်းနဲ့ ကလေးငယ်များ အပါအဝင် လူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
နေတန်ယာဟုနဲ့တွေ့ဆုံပြီးနောက် ဘိုင်ဒန်ဟာ အစ္စရေးရဲ့စစ်ဘက်ရေးရာဝန်ကြီးအဖွဲ့နဲ့ တွေ့ဆုံရန် စီစဉ်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 48 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ သူမ ခေါင်းဆောင်မှုနေရာသို့ မရောက်ရှိမီ မကြာသေးမီနှစ်များအတွင်းက မဲဆန္ဒရှင်များ၏ ထောက်ခံမှု
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။ ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုမန်တွင် အမေရိကန်နှင့် အီရန်တို့ အရေးပါသော ဆွေးနွေးပွဲများ ပြုလုပ်ပြီးစီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက် အိုမန်နိုင်ငံတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးခဲ့ကြ ပြီးနောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “ အလွန်ကောင်းမွန်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ “ အီရန်က သဘောတူညီမှုတစ်ခုရဖို့