နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးချိုင့်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တန်ပြန်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အများအပြားသေဆုံးဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။

ထီးချိုင့်မြို့သိမ်းတိုက်ခိုက်မှုတွင် လက်နက်အင်အားမမျှသလို၊ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှု များလာတဲ့အပြည် အပြစ်မဲ့ ပြည်သူတွေသေဆုံးပြီး မြို့ပျက်စီးမှုများလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာလ (၁၅) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

မြို့တွင်းတိုက်ပွဲအတွင်း ရရှိထားတဲ့ စာရင်းအရ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ အလယ်တောမှာ လေယာဉ်ဗုံးမှန်လို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ပြည်သူ သေဆုံးသူ (၁၂၈) ဦးထိရှိသွားပြီလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ရာမှာ လက်နက်အင်အားမမျှလို့ ကျဆုံးသွားရတဲ့ရဲဘော်တွေ များစွာရှိသလို စစ်သားတွေက အများကြီးသေတယ် ကာကွယ်ရေးတပ်ဖွဲ့က ကျဆုံးမှုမရှိဘူးဆိုတာတွေက အင်မတန် မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အခုမြို့သိမ်းတိုက်ပွဲမှာဆို ကျဆုံးမှုပိုများခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ခေတ်မျက်လုံးက ဒေသခံအချို့ကို ဆက်သွယ်မေးမြန်ကြည့်ရာမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကွန်မန်ဒိုတပ်ဖွဲ့ဝင် (၆) ဦး အပါအဝင် သေဆုံးသူ စုစုပေါင်း (၁၂၈) ဦး ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် (၅၀) လောက်ရှိတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။ ထီးချိုင့်မြို့တဝက်နီးပါးလည်း ပျက်စီးသွားတယ်လို့ ပြောဆိုခဲ့ပါတယ်။

သတင်းအချက်အလက်များ ထပ်မံစုဆောင်းနေဆဲဖြစ်ပြီး နောက်ဆုံးအခြေအနေများကို ထပ်မံတင်ပြသွားပါမယ်။

ဓာတ်ပုံအညွှန်း။

(၁) ကျဆုံးသွားသည့်ရဲဘော်များ

(၂) (၃) ကျဆုံးသွားသည့်ရဲဘော်များ၏ အလောင်းများ

(၄) နိုဝင်ဘာ ၁၂ ရက်နေ့ အမှတ် ၃ ရပ်ကွက်အား စစ်ကောင်စီက မီးရှို့ဖျတ်စီးနေစဉ် ဒရုန်းဖြင့်ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ (၅) အမှတ် ၃ အရှေ့ရပ်နှင့် ဆိပ်ကမ်းအား မီးလောင်အပြီး တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို