နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေအသုံးပြုနေတဲ့ ဂါဇာက မြေအောက်လိုဏ်ဂူကြီး

ဂါဇာမြို့ကမ်းမြောင်မှာ အကြီးဆုံးဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥမင်လိုဏ်ခေါင်းဟာ နှစ်မိုင်ခွဲလောက် ရှည်လျားပြီး ကားကြီးတစ်စီး လွတ်လွတ်လပ်လပ်မောင်းနှင်းလို့ရသလို လျှပ်စစ်မီး၊ လေဝင်လေထွက်စနစ်တွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်ကာ အခိုင်အမာတည်ဆောက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုဏ်ခေါင်းဟာ အစ္စရေးနယ်နိမိတ်ထဲ ဖြတ်သန်းဖောက်လုပ်ထားတာမဟုတ်ပေမယ့် အောက်တိုဘာလ 7 ရက်နေ့တုန်းက ဟားမက်စ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အီဇက်နယ်စပ်ဂိတ်ပေါက်နဲ့ မီတာ 400 အကွာထိ ဖောက်လုပ်ထားတာဖြစ်ပါတယ်။

ဟားမက်စ်တွေဟာ မဟာဗျူဟာမြောက်အစိတ်အပိုင်းအဖြစ် လိုဏ်ခေါင်းကို ဖောက်လုပ်ထားတာဖြစ်ပြီး အဲဒီလိုဏ်ခေါင်းကို မိမိတို့ မကြာခင်ဖျက်ဆီးပစ်မှာဖြစ်တယ်လို့ IDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ IDF က ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာ ဟားမက်စ်တွေဟာ အစ္စရေးကို တိုက်ခိုက်မှုမှာ ခြုံခိုတိုက်ခိုက်မှုအတွက် လှုပ်ရှားဖို့ ဖန်တီးထားတာဖြစ်ပြီး လိုဏ်ခေါင်းထဲမှာ ကားတစ်စီးကိုလည်း တွေ့ရပါတယ်။

ဥမင်လိုဏ်ခေါင်းစနစ်ဟာ ဟားမက်စ်ခေါင်းဆောင် ယာယာဆင်းဝါရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်တည်ဆောက်ထားတဲ့ ပရောဂျက်တစ်ခုဖြစ်တယ်လို့လည်း IDF က ပြောပါတယ်။ ဒါပေမယ့် အဲဒီအတွက် IDF က သက်သေပြစရာတော့မရှိခဲ့ဘဲ ထောက်လှမ်းရေးသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။ IDF အနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်စ်တွေအသုံးပြုနေတဲ့ မြေအောက်လိုဏ်ခေါင်း ရာနဲ့ချီ ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီလိုဏ်ခေါင်းတွေကို ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်နေပါတယ်။ လိုဏ်ခေါင်းတွေထဲမှာ ဟားမက်စ်တွေ လှုပ်ရှားသွားလာလို့မရအောင် ပင်လယ်ရေတွေ မောင်းထည့်ပြီး ဖျက်ဆီးပစ်မယ်လို့လည်း ကနဦး သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဟားမက်စ်တွေကတော့ ဂါဇာကမ်းမြောင်ရဲ့ မြေအောက်မှာ 311 မိုင်ရှည်လျားတဲ့ မြေအောက်လိုဏ်ဂူတွေကို တည်ဆောက်ထားကြောင်း အခိုင်အမာပြောဆိုဖူးပေမယ့် အဲဒီကိန်းဂဏာန်းတွေဟာ တိကျမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။အဲဒီမြေအောက်လိုဏ်ခေါင်းတွေဟာ အီဂျစ်ကနေ လက်နက်၊ခဲ၊ယမ်းမီးကျောက်တွေ ခိုးသွင်းဖို့၊ ထိန်းသိမ်းထားဖို့နဲ့ အစ္စရေးဘက်ကို တိုက်ခိုက်ရေးလမ်းကြောင်းအဖြစ် အသုံးပြုဖို့ ၊ ကွပ်ကဲရေးစင်တာအဖြစ် အသုံးပြုဖို့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

https://www.facebook.com/ErasEye/videos/1023201135633642

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက