နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

Free Burma Rangers သင်တန်းဆင်းပွဲမှာ ယူကရိန်းက အထူးဧည့်သည်တော် လာရောက် အားပေးစကားပြောကြား

Free Burma Rangers (FBR) အဖွဲ့ ရဲ့ ခေါင်းဆောင်မှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းဆင်းပွဲမှာ ယူကရိန်း နိုင်ငံသူ အထူးဧည့်သည်တော်တဦးက သင်တန်းသူ သင်တန်းသားတွေကို လာရောက်အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။

ဂျူလီလို့သာ နာမည်ဖော်ပြထားတဲ့ အမျိုးသမီးဟာ ယူကရိန်း စစ်မြေပြင်မှာ သွားရောက် ကူညီပေးနေတဲ့ Free Burma Rangers ရဲ့ မိတ်ဆွေတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့နောက် အဖွဲ့အစည်းရဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မှုတွေ အကြောင်း သိရှိခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

အဲဒီနောက် ဂျူလီက မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ပြီး သင်တန်းဆင်းပွဲမှာ အားပေးစကား ပြောချင်တယ်လို့ ဆက်သွယ်ခဲ့တာပါ။ ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေး သမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ရုရှားရဲ့ကျူး​ကျော်စစ်ကို သတ္တိ​ပြောင်​မြောက်စွာတွန်းလှန်တိုက်ခိုက်​နေတဲ့ ယူကရိန်နိုင်ငံက ဂျူလီဟာ Free Burma Rangers ရဲ့ သင်တန်းသားတွေကို အားပေးစကား ပြောချင်တဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပါတယ်။
ဂျူလီက ယူကရိန်း နိုင်ငံသူ တစ်ဦးအနေနဲ့ စစ်ပွဲကြောင့် ထိခိုက်နာကျင်ရမှု ဘယ်လောက် ကြီးမားတယ် ဆိုတာကို ကောင်း ကောင်း နားလည်ပြီး မြန်မာ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

ပြီးတော့ ဘုရားသခင်ဟာ ယူကရိန်းနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေကို ပစ်မထားဘူးလို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ Free Burma Rangers ဟာ အဲဒီ အခမ်းအနားမှာ Ranger သစ် ၂၀၅ ဦးနဲ့ တိုင်းရင်းသား မျိုးနွယ်စု ၇ ခုက ကျွမ်းကျင် Ranger ၇၁ ဦးတို့ကို ခေါင်းဆောင်မှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းဆင်း လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနှစ်ကစပြီး သင်တန်းဆင်းသူတွေထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေ ဗမာလူမျိုးတွေလည်း ပါဝင်လာပြီး စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်ဖို့ လူများစု ဗမာတွေကပါ တစ်သားတည်း ရပ်တည်နေတယ်ဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ခု ဖြစ်တယ်လို့ Free Burma Rangersက ဆိုပါတယ်။

သင်တန်းဆင်းလက်မှတ် ရရှိသွားတဲ့ Ranger အသစ်တွေထဲမှာ ရခိုင်၊ ဗမာ၊ ထားဝယ်၊ ကချင်၊ ကရင်၊ ကရင်နီနဲ့ ရှမ်းတိုင်းရင်းသားတွေ ပါဝင်ခဲ့သလို ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေမှာ ကြိုဆို လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ Ranger အသစ်တွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်တိုက်ခိုက်မှုတွေ ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေအတွက် အကူအညီ၊ မျှော်လင့်ချက်နဲ့ မေတ္တာတရားတွေ ကူညီ ဖြည့်စွမ်းပေးဖို့ ပူးပေါင်း မစ်ရှင်တွေကို တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Free Burma Rangersဟာ ခရစ်ယာန် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေး လှုပ်ရှားမှု အဖွဲ့တစ်ခုအဖြစ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ၊ကရင်နီပြည်နယ် စတဲ့ စစ်တပ်​ကြောင့် ပြင်းထန်စွာထိခိုက်ခံစား​နေရတဲ့ပြည်သူ​တွေကို အ​ရေး​ပေါ်ကယ်ဆယ်​ရေး ၊ကျန်းမာ​ရေး​စောင့်​ရှောက်မှုစတဲ့အကူအညီ​တွေကို စစ်ပွဲ​တွေနဲ့အနီးဆုံး​နေရာအထိ့သွား​​ရောက်ကူညီ​ပေး​နေကြတာဖြစ်ပါတယ်။

NEWS – CRD – PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 11 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 13 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 13 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 32 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 31 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့