နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

Free Burma Rangers သင်တန်းဆင်းပွဲမှာ ယူကရိန်းက အထူးဧည့်သည်တော် လာရောက် အားပေးစကားပြောကြား

Free Burma Rangers (FBR) အဖွဲ့ ရဲ့ ခေါင်းဆောင်မှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းဆင်းပွဲမှာ ယူကရိန်း နိုင်ငံသူ အထူးဧည့်သည်တော်တဦးက သင်တန်းသူ သင်တန်းသားတွေကို လာရောက်အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။

ဂျူလီလို့သာ နာမည်ဖော်ပြထားတဲ့ အမျိုးသမီးဟာ ယူကရိန်း စစ်မြေပြင်မှာ သွားရောက် ကူညီပေးနေတဲ့ Free Burma Rangers ရဲ့ မိတ်ဆွေတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့နောက် အဖွဲ့အစည်းရဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မှုတွေ အကြောင်း သိရှိခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

အဲဒီနောက် ဂျူလီက မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ပြီး သင်တန်းဆင်းပွဲမှာ အားပေးစကား ပြောချင်တယ်လို့ ဆက်သွယ်ခဲ့တာပါ။ ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေး သမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ရုရှားရဲ့ကျူး​ကျော်စစ်ကို သတ္တိ​ပြောင်​မြောက်စွာတွန်းလှန်တိုက်ခိုက်​နေတဲ့ ယူကရိန်နိုင်ငံက ဂျူလီဟာ Free Burma Rangers ရဲ့ သင်တန်းသားတွေကို အားပေးစကား ပြောချင်တဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပါတယ်။
ဂျူလီက ယူကရိန်း နိုင်ငံသူ တစ်ဦးအနေနဲ့ စစ်ပွဲကြောင့် ထိခိုက်နာကျင်ရမှု ဘယ်လောက် ကြီးမားတယ် ဆိုတာကို ကောင်း ကောင်း နားလည်ပြီး မြန်မာ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။

Photo – FBR – (Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲ

ပြီးတော့ ဘုရားသခင်ဟာ ယူကရိန်းနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေကို ပစ်မထားဘူးလို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ Free Burma Rangers ဟာ အဲဒီ အခမ်းအနားမှာ Ranger သစ် ၂၀၅ ဦးနဲ့ တိုင်းရင်းသား မျိုးနွယ်စု ၇ ခုက ကျွမ်းကျင် Ranger ၇၁ ဦးတို့ကို ခေါင်းဆောင်မှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းဆင်း လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနှစ်ကစပြီး သင်တန်းဆင်းသူတွေထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေ ဗမာလူမျိုးတွေလည်း ပါဝင်လာပြီး စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်ဖို့ လူများစု ဗမာတွေကပါ တစ်သားတည်း ရပ်တည်နေတယ်ဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ခု ဖြစ်တယ်လို့ Free Burma Rangersက ဆိုပါတယ်။

သင်တန်းဆင်းလက်မှတ် ရရှိသွားတဲ့ Ranger အသစ်တွေထဲမှာ ရခိုင်၊ ဗမာ၊ ထားဝယ်၊ ကချင်၊ ကရင်၊ ကရင်နီနဲ့ ရှမ်းတိုင်းရင်းသားတွေ ပါဝင်ခဲ့သလို ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေမှာ ကြိုဆို လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ Ranger အသစ်တွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်တိုက်ခိုက်မှုတွေ ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေအတွက် အကူအညီ၊ မျှော်လင့်ချက်နဲ့ မေတ္တာတရားတွေ ကူညီ ဖြည့်စွမ်းပေးဖို့ ပူးပေါင်း မစ်ရှင်တွေကို တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Free Burma Rangersဟာ ခရစ်ယာန် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေး လှုပ်ရှားမှု အဖွဲ့တစ်ခုအဖြစ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ၊ကရင်နီပြည်နယ် စတဲ့ စစ်တပ်​ကြောင့် ပြင်းထန်စွာထိခိုက်ခံစား​နေရတဲ့ပြည်သူ​တွေကို အ​ရေး​ပေါ်ကယ်ဆယ်​ရေး ၊ကျန်းမာ​ရေး​စောင့်​ရှောက်မှုစတဲ့အကူအညီ​တွေကို စစ်ပွဲ​တွေနဲ့အနီးဆုံး​နေရာအထိ့သွား​​ရောက်ကူညီ​ပေး​နေကြတာဖြစ်ပါတယ်။

NEWS – CRD – PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 21 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 15 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 20 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူကို လူတစုက စစ်ကောင်စီလက်က ကယ်ထုတ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 17 Views
ဇူလိုင်လ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထရတဲ့ အမျိုးသမီးတစ်ဦးကို လူတစုက စစ်ကောင်စီလက်ကနေ ကယ်ထုတ်သွားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစရဲ့ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းမှာ ပုဒ်မ-၅၀(ည)နဲ့ ဖမ်းခံထားရတဲ့
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 30 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သုံးဆယ်ရွာကို နေ့လယ် (၃)နာရီ
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ (၁၂)ရက်နေ့က မုံရွာထောင်ကနေ အိုးဘိုထောင်ကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 33 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က