နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ယူကရိန်းတွင် ဝါဂနာစစ်ဘက်ကုမ္ပဏီ၏ ကြေးစားစစ်သား စုစုပေါင်း ၃၀၀၀၀ ကျော် သေဆုံး/ဒဏ်ရာရခဲ့ကြောင်း အမေရိကန်အစိုးရ ခန့်မှန်း

ရုရှားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ ဝါဂနာသည် ယူကရိန်းကို ရုရှားက စတင်ကျူးကျော်လာချိန်မှစ၍ သေဆုံးသူနှင့် ဒဏ်ရာရသူပေါင်း (၃၀,၀၀၀) ကျော်ပြီး ကျဆုံးသူမှာ (၉,၀၀၀) ခန့် ရှိသည်ဟု ယုံကြည်ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ မစ္စတာကာဘီ (Kirby) က မနှစ် ဒီဇင်ဘာမှ ယခုအချိန်ထိ စစ်သား ၉၀၀၀ ၏ ထက်ဝက်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်း သေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ရုရှားအကျဉ်းထောင်များမှ တပ်သားသစ်များ ဖြစ်သည်။

ဝါဂနာသည် ၎င်း၏ တပ်သားများကို စုဆောင်းရန်အတွက် အကျဉ်းသားများအပေါ် မှီခိုနေရပါသည်။ ဝါဂနာ၏အကြီးအကဲ Evgeny Prigozhin သည် အကျဉ်းထောင်များမှ တပ်သားစုဆောင်းခြင်းကို ရပ်တန့်မည်ဟု လွန်ခဲ့သည့်အပတ်က ပြောကြားခဲ့သော်လည်း အကျဉ်းသားစုဆောင်းမှုတွင် ကျဆင်းသွားသည့် အရိပ်အယောင်ကို မတွေ့ရသေးကြောင်း မစ္စတာကာဘီက ပြောကြားခဲ့သည်။

ဝါဂနာသည် အကျဉ်းသား တပ်သားသစ်များကို “ အမြောက် အစားအစာ” အဖြစ် အသုံးပြီး ၎င်းတို့ကို လူမဆန်စွာ ပစ်ချရာ တွင် တုံ့ဆိုင်းခြင်း မရှိကြောင်းလည်း မစ္စတာကာဘီက ပြောကြားခဲ့သည်။ သူသည် အကျဉ်းထောင်များမှ စုဆောင်းထားသည့် တပ်သားများကို စစ်ရေးလေ့ကျင့်ပေးမှု မရှိဘဲ၊ စစ်တိုက်ရာတွင် လိုအပ်သည့် လက်နက်ကိရိယာများလည်း တပ်ဆင်ပေးခြင်း မရှိဘဲ သို့မဟုတ် အဖွဲ့အစည်း၏ ခေါင်းဆောင် ထိမ်းချုပ်မှု မရှိဘဲ စစ်မြေပြင်သို့ အတင်းတွန်းပို့ခဲ့ကြောင်း ကာဘီက ပြောသည်။

မကြာသေးမီရက်များအတွင်း ယူကရိန်းအရှေ့ပိုင်းရှိ ဘတ်ကမွတ် (Bakhmut) မြို့ ၌ အပြင်းအထန် တိုက်ပွဲများအတွင်း ဝါဂနာမှ စစ်သားများ အများအပြား ဆုံးရှုံးခဲ့ရသည်။

ရုရှားသည် မကြာသေးမီရက်ပိုင်းများအတွင်း ဘတ်ကမွတ် နှင့် အနီးတစ်ဝိုက်တွင် တဖြည်းဖြည်း စစ်ရှိန်တိုးမြှင့်မှုကို လုပ် ဆောင်နေသည်ဟု ကာဘီက ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားသည် ဤစစ်ပွဲ အခြေအနေမှ မည်သို့ ရုန်းထွက်မည်ဆိုသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ကြောင်းကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 22 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 47 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ