အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (အသက် ၉၈ နှစ်) ဦးဆောင်သော အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ကာတာစင်တာ (The Carter Center) က သမ္မတဟောင်း ဂျင်မီကာတာသည် ဆေးရုံကုသမှုမှ Hospice(နောက်ဆုံးနေ့ရက်များအတွက် စောင့်ရှောက်ပေးမှု) သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖေဖော်ဝေါ်ရီလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် “ ဆေးရုံတွင် နောက်ထပ်ကုသမှုခံယူမည့်အစား ၎င်း၏နောက်ဆုံးနေ့ရက်များကို မိသားစုနှင့်အတူ အိမ်တွင် ကုန်ဆုံးစေပြီး Hospice Care (နောက်ဆုံးနေ့ရက်များအတွက် စောင့်ရှောက်မှု) ခံယူမည်” ဟု ရှင်းပြခဲ့သည်။
Source: Kyodo