မိုခါမုန်တိုင်းဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် NUG အစိုးရ ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)တို့က ရက္ခိုင့်တပ်တော် AA ဆီကို အလှူငွေတွေ ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
NUG က ကျပ်သိန်းတစ်ထောင်၊ KIO က ကျပ်သိန်းသုံးထောင်နဲ့ MNDAA တို့က ကျပ်သိန်းတစ်ထောင်တို့ကို လှူဒါန်းခဲ့တာကို AA ရဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို အဓိကဖြတ်သန်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မုန်တိုင်းဖြတ်သန်းခဲ့တဲ့ အဲဒီမြို့နယ်တွေရဲ့ အဆောက်အအုံအများစုက ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်ဟာ မိုခါမုန်တိုင်းကြောင့် (၉၀) ရာခိုင်နှုန်းလောက် ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရပြီး အချို့နေရာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။
Era’sEyes / Photo -CJ