နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

စစ်ကောင်စီသံအမတ်ကို လက်နက်ပြပွဲဖိတ်ကာ စစ်ရေးပြတင့်ကားပေါ် စီးနင်းခွင့်ပေးလို့ တောင်ကိုရီးယားအစိုးရ ဆန္ဒပြဝေဖန်ခံရ

တောင်ကိုရီးယားအစိုးရ၊နိုင်ငံခြားရေးဌာနရဲ့လက်နက်ပြပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြု သံအမတ်ဦးသန့်စင်ကို ဖိတ်ကြားခဲ့တဲ့အပြင် စစ်ရေးပြတင့်ကားပေါ်လိုက်ပါစီးနင်းခွင့်ပြုခဲ့တဲ့အပေါ် ကိုရီးယားပြည်သူတွေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံတဲ့အဖွဲ့တွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်လို့ တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။


ကိုရီးယားလူမှုအဖွဲ့အစည်း (၁၀၀) ကျော်ပါဝင်တဲ့ မြန် မာ့ဒီမိုကရေစီအရေးကိုထောက်ခံတဲ့ကိုရီးယားအဖွဲ့ချုပ်က အဲ့ဒီကိစ္စကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဆိုလ်းမြို့က ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနရုံးရှေ့မှာမေ ၁၈ ရက် မနက်ပိုင်းက ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အခုလဆန်းပိုင်းက လက်နက်ပြပွဲတခု ပြုလုပ်ခဲ့ရာမှာ နိုင်ငံ (၁၈) နိုင်ငံက သံအမတ်တွေကို ဖိတ်ကြားခဲ့ပြီး စစ်ကောင်စီခန့် သံအမတ်ဦးသန့်စင်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ(၁၈)ရက် ဟာ တောင်ကိုးရီးယားနိုင်ငံ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ ၄၃ နှစ် မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး အဲဒီနေ့မှာဘဲ စစ်အာဏာရှင်ကို အဆက်ဆံပြုလုပ်တဲ့သူတို့အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အ​ပြင် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံတဲ့ ကိုရီးယားလူမှုအဖွဲ့ချုပ်က ဒီနေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကိုရီးယားအစိုးရအပေါ် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာ ပြည်တွင်းထုတ် လက်နက်တွေကို ပြည်ပတင်ပို့ရောင်းချဖို့ ကြော်ငြာတဲ့ပြပွဲမှာ မြန်မာစစ်အုပ်စု ကိုယ်စားပြု သံအမတ်ကို ဖိတ်ကြားခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ဟာ အံ့ဩ ဒေါသထွက်စရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံခြားရေးဘက်ကတော့ ဒီပြပွဲဟာ အာဆီယံနိုင်ငံတွေ အပါအဝင် ကိုရီးယားနိုင်ငံရှိ ၁၈ နိုင်ငံက သံတမန်တွေကို ဦးတည်ဖိတ်ကြားခြင်းသာဖြစ်ပြီး တောင်ကိုရီးယား အစိုးရရဲ့ သဘောထားနဲ့ မသက်ဆိုင်ဘူးလို့ တုန့်ပြန်ဖြေရှင်းထားပါတယ်။

လက်နက်ပြပွဲတွေဟာ အခြေခံအားဖြင့် လက်နက်ဝယ်လိုသူတွေကို ဖိတ်ခေါ်ပြသကာ ဝယ်လိုတဲ့ လက်နက်တွေကို တင်ပို့ရောင်းချဖို့ ပြုလုပ်ကြတာ ဖြစ်တာကြောင့် အဲ့ဒီလက်နက်ပြပွဲမှာ မြန်မာသံအမတ်ကို ဖိတ်ကြားတဲ့လုပ်ရပ်ဟာ မြန်မာနဲ့ပတ်သက်တဲ့ တောင်ကိုရီးယား အစိုးရရဲ့ သဘောထား ပြောင်းလဲမှု မရှိဘူးဆိုတဲ့ ဖြေရှင်းချက်နဲ့ ဘယ်လိုမှ ဆက်စပ်နား လည်နိုင်လို့မရဘူးလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

ဒီအတွက် တောင်ကိုးရီးယားအစိုးရအနေနဲ့ ရိုးသားတဲ့အဖြေပေးဖို့ လိုတယ်လို့လည်း တောင်းဆိုထားပါသေးတယ်။
ဒီ​နေ့ဆန္ဒ​ပြပွဲနဲ့သတင်းစာရှင်းလင်းပွဲအပြီးမှာ အဲဒီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံသား​တွေက အဖွဲ့ချုပ်ရဲ့​ကြေညာချက်နဲ့ အမျိုးသားညီညွတ် ရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးဆီ သွားရောက်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Era’Eyes/REF:DNA/Photo- CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၀)ဦးသေဆုံးကာ ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်က ဆိပ်ဖြူမြို့အဝင်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆိပ်ဖြူမြို့ပေါ်ကနေ ထွက်လာတဲ့ စကစတပ်ဖွဲ့ဝင်တွေပါတဲ့ (၆)ဘီးကားတစီးနဲ့ အိမ်စီးကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စစ်တပ်ဘက်က မျက်မြင်
မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 16 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ တောင်တွင်းကြီး ဆတ်သွားရွာဘက်ကနေ ထွက်လာတဲ့
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့ လူတော်ကြီးရွာနဲ့ ပကိတ်ကြီးရွာတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ။ အရင်က အဲ့ဒီလုပ်ငန်းတွေနဲ့ နာမည်ထွက်ဖူးတဲ့သူတွေပဲ အခု
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့