မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းကြားက ရာအိမ်မှူး နေအိမ်ကို မေ ၁၉ ရက် မနက်ပိုင်းက ဗုံးနဲ့ လာပစ်သွားတယ်လို့သိရပါတယ်။



အဲဒီလို ဗုံးနဲ့ပစ်ခဲ့တာကြောင့်လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တွေဆီကသိရပါတယ်။ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ရာအိမ်မှူး နေအိမ်ကို ဗုံးနဲ့ပစ်ခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရာအိမ်မှူး ရဲ့ မိခင်ဖြစ်သူ သေဆုံး
ခဲ့ရပြီး နေအိမ်မှာရှိတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
အခုလိုပစ်ခတ်တိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်း ကလုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာတွေ မတွေ့ရှိရသေးပါဘူး။
Era’Eyes |Photo -CRD