နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးက သံအမတ် ခန့်အပ်လွှာပေးအပ်

အာဆီယံအနေနဲ့လည်း မြန်မာ့အရေးအပေါ်မှ တိကျတဲ့မူဝါဒတွေနဲ့ ပြတ်ပြတ်သားသားလုပ်ဆောင်သင့်ဟု နိုင်ငံရေးလေ့လာသူများ ‌သုံးသပ်ပြော

နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာကျုံမ်အန်းဗွီကြတ်က သံအမတ်ခန့်အပ်လွှာကို ဒီကနေ့ မေလ (၁၉) ရက်နေ့မှာ ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။


မေလ (၁၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာကျုံမ်အန်းဗွီကြတ်ကို နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမ မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ အရင်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


အခုလို သံအမတ်ခန့်အပ်လွှာ ပေးအပ်လိုက်ခြင်းဟာ စစ်ကောင်စီဥက္ကဋ္ဌဟာ အာဆီယံနိုင်ငံများက ၎င်းကို အသိအမှတ်ပြုနေကြောင်းကို ပြသရာ ရောက်နေသလို ဖြစ်နေပြီး အာဆီယံအနေနဲ့လည်း မြန်မာ့အရေးအပေါ်မှ တိကျတဲ့မူဝါဒတွေနဲ့ ပြတ်ပြတ်သားသားလုပ်ဆောင်သင့်နေပြီ ဖြစ်ကြောင်းကိုလည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။


အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း ဒီကနေ့အထိ စစ်ကောင်စီဘက်က ဘာတစ်ခုမှ အကောင်အထည်မဖော်သေးပါဘူး။


၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်မှာ ထုတ်ပြန်ထားတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများကို စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် စုစုပေါင်းမှာ (၃၅၂၀) ဦး ရှိခဲ့ပြီလို့ သိရှိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ဦးရေဟာလည်း စုစုပေါင်း (၂၂၄၈၁) ဦးရှိပြီး အဲ့ဒီအထဲက (၁၈၁၆၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက်မှ (၅၉၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ သိရှိရပါတယ်။


မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ က စတင်ပြီး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ ၁ ဒဿမ ၅ သန်းကျော် ရှိနေပါပြီ။

Era’sEyes / ဓာတ်ပုံ။ စစ်ကောင်စီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 24 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 34 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 23 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 31 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ