နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိန်းနှစ်ထောင်ကျော် ယူဆောင်ထွက်ပြေးသွားတဲ့ PDF ရဲဘော်တွေကို သိန်းငါးဆယ်စီသာ စစ်ကောင်စီ ဆုငွေပေးအပ်

သိန်းနှစ်ထောင်ကျော် ယူဆောင်ကာ စစ်ကောင်စီဘက် ခိုလှုံထွက်ပြေးသွားတဲ့ PDFရဲဘော်တွေကို သိန်းငါးဆယ်စီ ဆုချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ပခုက္ကူမြို့နယ်အတွင်းက Local PDF အဖွဲ့တွေဖြစ်တဲ့ Earthquake Defense Forceနဲ့ Defense Team Pakokku-DTP တို့က ရဲဘော်ခုနစ်ဦးဟာ မောင်းပြန်သေနတ်လေးလက်နဲ့အတူ သိန်း၂၄၀၀ခန့်ယူဆောင်ကာ ပခုက္ကူမြို့အဝင် စစ်ကောင်စီ အင်ပင်စစ်ဆေးရေးဂိတ်ထံ ထွက်ပြေးခိုလှုံသွားခဲ့တာ ဖြစ်ပါတယ်။

ဆုငွေပေးအပ်တဲ့အခမ်းအနားကို ဇွန်လ၁၄ရက်နေ့က မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)အတွင်းပြုလုပ်ခဲ့ပြီး တိုင်းမှုးဗိုလ်ချုပ်သန်းထိုက် တက်ရောက်ခဲ့ပါတယ်။

လက်နက်ယူဆောင်လာတဲ့သုံးဦးကို သိန်းငါးဆယ်စီ ကျန်ရဲဘော်တွေကိုတော့ (၂၅) သိန်းစီ ဆုငွေပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

မေလ၉ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသူတွေကို ဆုချီးမြှင့်မယ်လို့ စစ်ကောင်စီကကြေညာပြီးတဲ့နောက် နမခသို့ PDF (၄၈) ဦး အလင်းဝင်လာတယ်လို့ ဆိုပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ
မြန်မာသတင်း

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ကူမင်းမြို့ကို ရောက်ရှိနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅) ရက်။ တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ TNLA
မြန်မာသတင်း

စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီလေကြောင်းကြောင့် ပြည်သူထိခိုက်သေဆုံးတာ ပိုမိုများပြားလာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါကီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၁၂)ရက်ကစပြီး အခုအချိန်အထိ စစ်ကိုင်းတိုင်းထဲရှိ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မုံရွာတောင်ပိုင်း ကျေးရွာတွေနဲ့ ချောင်းဦးမြို့က ကျေးရွာတွေကို (၁၂)ရက်နေ့
မြန်မာသတင်း

NUG နဲ့ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ NUG နည်းပညာဝန်ကြီးဌာန(MOCIT)နဲ့ ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ FW နဲ့ တိုက်ရိုက်မဟုတ်ဘဲ MOCIT ကနေ
မြန်မာသတင်း

အောင်ပင်လယ်ရဲစခန်းမှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးထားသူတစ်ဦး ထွက်ပြေးလွတ်မြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်နယ်မြေရဲစခန်းမှာ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ “ လွတ်သွားတဲ့သူက အောင်ပင်လယ်နယ်မြေရဲစခန်းမှာ စကစရဲ့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူပါ။ အချုပ်ခန်းထဲ ဖမ်းထားချိန်
မြန်မာသတင်း

ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၂၀၀)ကို စစ်ကောင်စီ ပြန်ပို့ဖို့ စီစဉ်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၀)ကို စစ်ကောင်စီက ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နယ်စပ်တွေကတဆင့် နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး