အဲဒီလိုတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို CDF တပ်ဖွဲ့က တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ကထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၁ရက်နဲ့ ၁၃ရက်က မင်းတပ်မြို့အဝင် အကြမ်းဖက် စစ်ကောင်စီဂိတ်ကို CDF က တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၁၉ ရက် ဒီနေ့ မှာလည်း မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်ကို CDF က တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၉ရက် မနက်ပိုင်းက မင်းတပ်ထွေအုပ်ရုံးနေရာ အပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂နေရာကို CDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် CDF ကဆိုပါတယ်။
မင်းတပ် အခြေစိုက် စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#Era’sEye