စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစောထီးရွာကို ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike ကဆိုပါတယ်။
ဇွန်လ ၁၅ရက်နေ့ ညနေ၆နာရီခွဲခန့်မှာ ဇီးဖြူကုန်းရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့အချိန်ကို စောင့်ဆိုင်းကာ ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇွန်လ၁၆ရက်နေ့ မနက်၆နာရီခန့်မှာလည်း ဒရုန်းဖြင့် ဗုံးသီးလေးလုံးထပ်မံကြဲချခဲ့ပြီး နှစ်ရက်တာတိုက်ခိုက်မှုအတွင်း ပျူစောထီးထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Myingyan District Drone Strike အနေနဲ့ ဒေသခံအဖွဲ့ဖြစ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)အပြင် မြင်းခြံခရိုင်အမှတ်-၁တပ်ရင်း 27 Revolution Forces၊ Urban Underground Revolution Force-YSOအဖွဲ့တွေနဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Era’sEye