မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရရှိတဲ့ (၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီက ရန်ကုန်ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်းကစပြီး ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်အနားကို တက်ရောက်ဂါရဝပြုခွင့် မရရှိခဲ့တာ (၃) နှစ် ဆက်တိုက် ရှိပါပြီ။
ဒီကနေ့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းအခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီဘက်က ဒုတိယဝန်ကြီးချုပ် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီး ဦးကိုကိုနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မေင်မောင်အေးတို့ တက်ရောက်ခဲ့ကြပါတယ်။
အရင် စစ်အစိုးရလက်ထက်က ကျင်းပတဲ့ အာဇာနည်နေ့ကို နေအိမ် အကျယ်ချုပ်ကျနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တက်ရောက်ဂါရဝပြုခွင့် ရရှိခဲ့ပေမယ့် အခု စစ်တပ်အာဏာသိမ်းကာလမှာတော့ တက်ရောက်ခွင့် မရရှိတာလည်း ဖြစ်ပါတယ်။