နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်သူပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်လာတဲ့စစ်ကောင်စီတပ်ဟာ မတ္တရာအရှေ့ပိုင်း ကွေ့ကြီးကျေးရွာကို စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မတ္တရာအရှေ့ပိုင်း၊ ဆိပ်သာအုပ်စု၊ ကွေ့ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ခေတ်မျက်လုံးကို ပြောဆိုခဲ့ပါတယ်။


ယနေ့စက်တင်ဘာလ ၁၉ ရက် နံနက် ၅နာရီခွဲခန့်မှာ အာဏာသိမ်းစစ်တပ်က ကွေ့ကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး နေအိမ်လေးလုံးကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အနီးအနားရှိကျေးရွာမှ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေက ရုတ်တရက်ဝင်ရောက်လာတာ။ လက်နက်တွေနဲ့ ရမ်းသန်းပစ်ခဲ့လို့ ကွေ့ကြီးရွာသူ အမျိုးသမီးတစ်ဦး လက်နက် ထိမှန်ထားတယ် ကြားတယ်။ လက်ရှိ စစ်ကောင်စီဘက်ကတော့ မတ္တရာဘက် ပြန်ဆုတ်သွားပြီ” လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ရွာကနေ စစ်ကောင်စီတပ် ပြန်လည် ထွက်ခွာသွားပြီးနောက် ဒေသခံတချို့ ရွာထဲဝင်ရောက်ပြီး နေအိမ်တွေ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုဖြစ်စဉ်ကို ပြင်ဦးလွင်အခြေစိုက် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး‌တွေ ပူးပေါင်းပြီး ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်ကလည်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အစပ် မတ္တရာမြို့နယ် မြွေပုန်ကန်တောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဝောာ့ မန္တလေးတိုင်း အတွင်း စစ်ဆင်ရေး နယ်မြေတိုးချဲ့ ခဲ့တာကြောင့် ၂၀၂၃ ခု နှစ် နှစ်ဆန်းပိုင်းကစလို့ မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေး တစ်လျှောက် လက်နက်ကိုင် လှုပ်ရှားမှုတွေရှိလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာမယ်လို့ ပြောဆိုထားပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data For Myanmar အဖွဲ့က အာဏာသိမ်း ၂ နှစ်ခွဲအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့ အစည်းတွေက အရပ်သားတွေ ရဲ့ နေအိမ် ခုနစ်သောင်းခွဲနီးပါး (၇၄,၈၇၄ လုံး) မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဩဂုတ်လ (၉) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 19 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို