နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

အမေရိကန်

အမေရိကန်

ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက် အမေရိကန်က ဗီတိုအာဏာသုံးကာ ပယ်ချ။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြှောင်သို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခွင့်ပြုရန် ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့သော်လည်း သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အချိန်လိုအပ်သည်ဟု အမေရိကန်က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။


“ကုလဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Greenfield က ပြောကြားပြီး “ဘယ်လုပ်ဆောင်ချက်မဆို အသက်များကို ကယ်တင်နိုင်တဲ့ တိုက်ရိုက် သံတမန်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးပေးမည့် အချက်အပေါ် အခြေခံရမယ်” လို့ ၎င်းက ထောက်ပြသည်။

အစ္စရေး၏ ကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို ဖော်ပြခြင်းမရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စိတ်ပျက်မိကြောင်း Thomas-Greenfield က ပြောလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်တွင် ဓားစာခံများကို လွှတ်ပေးရန်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို မဲပေးရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Greenfield တွေ့ရစဉ်/Bryan R. Smith/AFP via Getty

အဆိုပါ ဆုံးဖြတ်ချက် ရှုံးနိမ့်ပြီးနောက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch မှ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး Louis Charbonneau က မကြုံစဖူး အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အမေရိကန်၏ ဗီတိုအာဏာသုံးမှုကို ရှုတ်ချခဲ့သည်။

Charbonneau သည် လိုအပ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများကို လိုအပ်နေသူများထံ မရောက်ရှိစေရန် ဗီတိုအာဏာဖြင့် တားဆီးလိုက်သည်ဟု ဝေဖန်လိုက်သည်။

ယခုလတွင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို ကိုင်ဆောင်ထားသည့် ဘရာဇီးလ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Francadanese က မဲခွဲဆုံးဖြတ်ပြီးနောက် တိတ်ဆိတ်ခြင်းနဲ့ လှုပ်ရှားမှုမရှိခြင်းတို့က သာလွန်သွားခဲ့ပြီ´ နှင့်အခြားကြိုးပမ်းအားထုတ်မှုတွေက အပြုသဘောဆောင်တဲ့ ရလဒ်များ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်´ ဟု ပြောဆိုလိုက်သည်။ “ဂါဇာမှာရှိတဲ့ နိုင်ငံသား အများအပြားက ကြာကြာ မစောင့်နိုင်တော့ဘူး” ဟု လည်း သူက ထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို မဲပေးရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Greenfield တွေ့ရစဉ်/Bryan R. Smith/AFP via Getty

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 47 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 46 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 53 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 64 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ