နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

အမေရိကန်

အမေရိကန်

ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက် အမေရိကန်က ဗီတိုအာဏာသုံးကာ ပယ်ချ။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြှောင်သို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခွင့်ပြုရန် ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့သော်လည်း သံတမန်ရေးရာ ကြိုးပမ်းမှုများအတွက် အချိန်လိုအပ်သည်ဟု အမေရိကန်က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။


“ကုလဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Greenfield က ပြောကြားပြီး “ဘယ်လုပ်ဆောင်ချက်မဆို အသက်များကို ကယ်တင်နိုင်တဲ့ တိုက်ရိုက် သံတမန်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးပေးမည့် အချက်အပေါ် အခြေခံရမယ်” လို့ ၎င်းက ထောက်ပြသည်။

အစ္စရေး၏ ကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို ဖော်ပြခြင်းမရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် စိတ်ပျက်မိကြောင်း Thomas-Greenfield က ပြောလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်တွင် ဓားစာခံများကို လွှတ်ပေးရန်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို မဲပေးရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Greenfield တွေ့ရစဉ်/Bryan R. Smith/AFP via Getty

အဆိုပါ ဆုံးဖြတ်ချက် ရှုံးနိမ့်ပြီးနောက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch မှ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး Louis Charbonneau က မကြုံစဖူး အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အမေရိကန်၏ ဗီတိုအာဏာသုံးမှုကို ရှုတ်ချခဲ့သည်။

Charbonneau သည် လိုအပ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများကို လိုအပ်နေသူများထံ မရောက်ရှိစေရန် ဗီတိုအာဏာဖြင့် တားဆီးလိုက်သည်ဟု ဝေဖန်လိုက်သည်။

ယခုလတွင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို ကိုင်ဆောင်ထားသည့် ဘရာဇီးလ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Francadanese က မဲခွဲဆုံးဖြတ်ပြီးနောက် တိတ်ဆိတ်ခြင်းနဲ့ လှုပ်ရှားမှုမရှိခြင်းတို့က သာလွန်သွားခဲ့ပြီ´ နှင့်အခြားကြိုးပမ်းအားထုတ်မှုတွေက အပြုသဘောဆောင်တဲ့ ရလဒ်များ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်´ ဟု ပြောဆိုလိုက်သည်။ “ဂါဇာမှာရှိတဲ့ နိုင်ငံသား အများအပြားက ကြာကြာ မစောင့်နိုင်တော့ဘူး” ဟု လည်း သူက ထောက်ပြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို မဲပေးရာတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Greenfield တွေ့ရစဉ်/Bryan R. Smith/AFP via Getty

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 26 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး
နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် “ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားစက်ရုံ တည်ဆောက်ထားမှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
အစ္စရေးနှင့် အမေရိကန်တို့၏ “အကြိမ်ကြိမ် တိုက်ခိုက်မှု” အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံတည်ဆောက်ထားမှုမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီ (Esmail Baghaei) က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဘအဲရှဲဘား(Beer Sheva) မှာကြောက်မက်ဖွယ်ရာတိုက်ခိုက်ခံရခြင်းကြောင့် အပျက်အစီးပုံများကိုမြင်ရပြီး လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 33 Views
CNN -၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေအဆောက်အအုံတစ်ခုကို အင်္ဂါနေ့နံနက်တွင် အီရန်ဒုံးကျည်တိုက်ခိုက်မှုမှ တိုက်ရိုက်ထိမှန်ခဲ့ပြီးနောက် လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စရေး၏ အရေးပေါ်ဝန်ဆောင်မှုများကဆိုသည်။ ဘအဲရှဲဘား မြို့တိုက်ခိုက်မှုတွင် လူငါးဦးသေဆုံးပြီး အခြားသူများကို ဒဏ်ရာအနည်းငယ်မှ အလယ်အလတ်အထိ ကုသပေးနေကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထာဝရစစ်ပွဲများဖြစ်နေသောတိုင်းပြည်တွင် ‘ထာဝရငြိမ်းချမ်းရေး’ ကို ရရှိရန်ဆောင်ရွက်ခဲ့သည်ဟု ထရန့်ကကြေငြာခဲ့သည်။-

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 27 Views
ဒါဟာသူ့ရဲ့ ကြီးမားသည့်ထင်ယောင်ထင်မှားဖြစ်နေမှုတခုများလား?။ CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အမေရိကန်နှင့် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အဆိုးရွားဆုံးရင်ဆိုင် အကျပ်အတည်းမှ အနိုင်ရလာပုံရသည်။ အမေရိကန်က အီရန်၏နျူကလီးယားစခန်းများကို အရှိန်မြှင့်တိုက်ခိုက်မှုအပေါ် တီဟီရန်၏ ဟန်ပြလောက်သာဒုံးများပစ်လွှတ်ခဲ့ပြီး သူတို့အနေနှင့်တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခြင်းအပေါ် နိုင်ငံများနှင့် ဒေသအသီးသီးမှ တုံ့ပြန်ချက်များ

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 38 Views
တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချ အမေရိကန်စစ်တပ်သည် အီရန်နျူကလီးယားစက်ရုံသုံးရုံကို တိုက်ခိုက်ခဲ့သည်။ အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်၏ ပါဝင်မှုသည် အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်ဖြစ်စေပြီး စစ်ပွဲကို ချဲ့ထွင်စေနိုင်သည်။ အစ္စရေး၏တိုက်ခိုက်မှုတွင် အမေရိကန်ပါဝင်လာပါက လက်တုံ့ပြန်မည်ဟု အီရန်က သတိပေးထားပြီး အမေရိကန်စစ်သားများ၊