နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာ (Global South) အနေနှင့် စည်းလုံးညီညွတ်ရန် အိန္ဒိယဝန်ကြီးချုပ် တောင်းဆို

နယူးဒေလီသည် ယခုနှစ်တွင် တောင်ပိုင်းဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဒုတိယအကြိမ်မြောက် အွန်လိုင်းထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါသည်။

နယူးဒေလီ- အိန္ဒိယသည် သောကြာနေ့တွင် ကျင်းပသည့် တောင်ဖက်ကမ္ဘာလုံး ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး အစ္စရေး-ဟားမတ်စ်စစ်ပွဲကဲ့သို့ သဘောထားကွဲလွဲနေသည့် ပြဿနာတစ်ရပ်တွင်ပင် ဖွံ့ဖြိုးဆဲကမ္ဘာအား “ တစ်သံတည်း” ထွက်ကြရန် ဝန်ကြီးချုပမိုဒီက တောင်းဆိုခဲ့သည်။

နယူးဒေလီသည် ဖွံ့ဖြိုးပြီး မြောက်ပိုင်းကမ္ဘာ နိုင်ငံများက လျစ်လျူရှုလေ့ရှိသည့် တောင်ပိုင်းနိုင်ငံများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသောကြောင့် ယခုနှစ်တွင် အိန္ဒိယက ကျင်းပသည့် ဒုတိယမြောက် အခမ်းအနားဖွင့်ပွဲတွင် မိုဒီက မိန့်ခွန်းပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ပတ်သက်သည့် အိန္ဒိယ၏ ရပ်တည်ချက်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ပိုင်း အများအပြားနှင့် အနည်းငယ် ကွာဟမှုရှိခဲ့သည်။ အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုခဲ့သည့်အတွက် တခဲနက် ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး အိန္ဒိယက မတက်ရောက်ဘဲ ပျက်ကွက်ခဲ့သည့်အတွက် မျက်ခုံးပင့်စရာ ဖြစ်ခဲ့ရပြီးနောက် အပစ်အခတ်ရပ်စဲရေးကို နှုတ်ဆိတ်နေခဲ့သည့် မိုဒီ၏ပြောစကား ထွက်လာတာ ဖြစ်ပါသည်။

ပါလက်စတိုင်းအဖွဲ့မှ ဟားမတ်စ် စစ်သွေးကြွများသည် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ပြင်းထန်စွာ စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြန်လည်ပြင်ဆင်ထားသော အစ္စရေး၏ ခန့်မှန်းချက်များအရ သိရသည်။ ထိုအချိန်မှစ၍ ဂါဇာရှိ ဟားမတ်စ်များ ကြီးမှူးသည့် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်ရေးများ သည် ထိုနေရာတွင် ပြည်သူ ၁၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့တွင် မိုဒီသည် အိန္ဒိယ၏ ရပ်တည်ချက် ကွဲလွဲချက်များကို ရှင်းပြခဲ့သည်။

“အနောက်အာရှဒေသမှာ စိန်ခေါ်မှုအသစ်တွေ ပေါ်ထွက်လာတာကို ကျွန်တော်တို့အားလုံး မျက်မြင်တွေ့နေရပါတယ်” ဟု ၎င်းက အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ပါဝင်သူများအား ပြောကြားခဲ့သည်။ အစ္စရေးအပေါ် “ ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှု” ကို အိန္ဒိယက ရှုတ်ချခဲ့သည်သာမက “ တွေ့ဆုံဆွေးနွေးရေးနှင့်သံတမန်ရေးရာဖက်တွင်ဆောင်ရွက်ရန်အတွက် တွန်းအားပေးခြင်းနှင့်အတူ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်လိုကြောင်းဆိုခဲ့သည်” ။

ပါလက်စတိုင်း အာဏာပိုင်သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) နှင့် စကားပြောပြီးနောက် နယူးဒေလီသည် ပါလက်စတိုင်း ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ခဲ့ကြောင်းနှင့် အိန္ဒိယမှ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွင်း အရပ်သားများအားလုံး သေဆုံးမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မိုဒီက ပြောကြားခဲ့သည်။

“ ဤအချိန်သည် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများက “ ကမ္ဘာလုံးဆိုင်ရာကောင်းကျိုးအတွက်” တစ်သံတည်း ပြောဆိုသင့်သည့်အချိန်ဖြစ်သည်” ဟု မိုဒီက ဟိန္ဒီဘာသာဖြင့် ပြောကြားခဲ့သည်။ ယခုနှစ်တွင် Group 20 ၏ ဥက္ကဌအဖြစ် အိန္ဒိယ၏ ဆောင်ပုဒ်အတိုင်း “ ကမ္ဘာတစ်ခု၊ မိသားစုတစု၊ အနာဂတ်တခု” ဟူသော ဆောင်ပုဒ်အတိုင်းကို လိုက်နာပြီး “အတူတကွ ရှေ့သို့တက်လှမ်း ကြရန်” ပါဝင်သူများကို ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂတွင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ရှောင်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံတွင်း အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ ဂါဇာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်း ဆောင်ရွက်ရန် အာဆီယံကာကွယ်ရေးဝန်ကြီးများက တညီတညွတ်တည်း တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် မိုဒီက ထိပ်သီးအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်အများစု နေထိုင်သည့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် စစ်ပွဲအတွင်း အစ္စရေး၏ အပြုအမူအပေါ် ပိုမိုပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

သို့သော် ၎င်းတို့တွင် ကွဲပြားမှုများရှိနေသော်လည်း၊ တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာအဖွဲ့၏ လျော့ရဲသောအုပ်စုတွင် ကျရောက်နေသော နိုင်ငံပေါင်း ၁၀၀ ကျော်သည် ကျယ်ပြန့်၍တူညီသောအကျိုးစီးပွားနှင့် ဦးစားပေးမှုများတွင် ဝေမျှထားကြကြောင်း မိုဒီက အလေးပေးပြောကြားခဲ့သည်။

ယခုနှစ် G20 ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် နယူးဒေလီ၏ ရည်မှန်းချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံအများစုကို ပိုမိုပါဝင်လာစေပြီး လူသားဆန်သော အုပ်စုအဖွဲ့ဖွဲ့ရန် ဖြစ်ကြောင်း အိန္ဒိယခေါင်းဆောင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အာရုံစိုက် ကြိုးပမ်း နေတာက ပြည်သူလူထု ဖွံ့ဖြိုး တိုးတက်လာရေးကို ပြည်သူတွေက ပြည်သူ့အတွက် လုပ်ဆောင်ပေးခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလတွင် နယူးဒေလီတွင် ခေါင်းဆောင်များ တွေ့ဆုံမှု အပါအဝင် ယခုနှစ်တွင် အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် G20 အစည်းအဝေးတွင် တက်ရောက်သူ ၂၀၀ ကျော်တွင် အိန္ဒိယက တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာအဖွဲ့ ၏လိုအပ်ချက်များကို အာရုံစိုက်ထားသည်ကို မိုဒီက G20 ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်က ထင်ဟပ်နေပါသည်။ “အိန္ဒိယရဲ့ ကြိုးပမ်းမှုကြောင့် နယူးဒေလီ ထိပ်သီးအစည်းအဝေးမှာ အာဖရိကသမဂ္ဂက G20 မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်ကို ကျွန်တော် မမေ့နိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ သောကြာနေ့က မိုဒီ သည် ဉာဏ်ရည်တု အပါအဝင် နည်းပညာနှင့်သက်၍ဝေဖန်ခဲ့ပြီး နည်းပညာတိုးတက်မှုများကြောင့် မြောက်ကမ္ဘာနှင့် တောင်ကမ္ဘာကြား ကွာဟချက်ဖြစ်စေရန် ချဲ့ထွင်ခြင်းကို ခွင့်မပြုသင့်” ဟု သတိပေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက G20 ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ပြီးနောက် အိန္ဒိယသည် နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်သည့် ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာတောင် ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလတွင် လက်ခံကျင်းပခဲ့သည်။ နယူးဒေလီသည် ဒုတိယအစည်းအဝေးတွင် နိုင်ငံပေါင်းမည်မျှတက်ရောက်ခဲ့သည်ကို မဖော်ပြသော်လည်း အတည်ပြုချက်အများအပြားကို လက်ခံရရှိထားကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အွန်လိုင်းအစည်းအဝေးသည် ဆန်ဖရန်စစ္စကိုရှိ APEC အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင်းဖျင့် နှင့်အမေရိကန် ခေါင်းဆောင်များ အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုတွင် လက်ခံကျင်းပသည့်ပွဲနှင့် တိုက်ဆိုင်နေသည်။

အိန္ဒိယနိုင်ငံ O.P. Jindal Global တက္ကသိုလ် မှ ပါမောက္ခ Pankaj Jha က “အိန္ဒိယဟာတောင်ပိုင်းကမ္ဘာရဲ့ အသံအဖြစ် ဆက်လက် ရပ်တည်နေလိုတဲ့အကြောင်းရင်းက သူ့အနေနဲ့ အခုလိုကိစ္စကို လက်ခံယူခဲ့တာကြောင့် အလွန်ထောက်ခံမှု ရရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုလကုန်တွင် ကုန်ဆုံးမည့် အိန္ဒိယ၏ G20 သမ္မတရာထူး အပြီးတွင် လာမည့် ဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် ဘရာဇီးနှင့် တောင်အာဖရိက တို့သည် တောင်ကမ္ဘာလုံးဆိုင်ရာ နဖူးစည်း အောက်တွင် ပါဝင်လာကာ အုပ်စုဖွဲ့ စည်းလုံးမှုကို ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ပြင်ပနိုင်ငံတစ်ခုခုက ချုပ်ကိုင်သည့်အခါ တောင်ကမ္ဘာ၏ ဦးစားပေးမှုများသည် လမ်းကြောင်းလွဲသွားနိုင်ကြောင်း Jha က ပြောကြားခဲ့သည်။ “ ဒီအချိန်ဟာ တောင်ကမ္ဘာ (Global South) မှ အသံများကို ထုတ်ဖော်ရန် အချိန်ကောင်းဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 34 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က