နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာ (Global South) အနေနှင့် စည်းလုံးညီညွတ်ရန် အိန္ဒိယဝန်ကြီးချုပ် တောင်းဆို

နယူးဒေလီသည် ယခုနှစ်တွင် တောင်ပိုင်းဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဒုတိယအကြိမ်မြောက် အွန်လိုင်းထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါသည်။

နယူးဒေလီ- အိန္ဒိယသည် သောကြာနေ့တွင် ကျင်းပသည့် တောင်ဖက်ကမ္ဘာလုံး ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး အစ္စရေး-ဟားမတ်စ်စစ်ပွဲကဲ့သို့ သဘောထားကွဲလွဲနေသည့် ပြဿနာတစ်ရပ်တွင်ပင် ဖွံ့ဖြိုးဆဲကမ္ဘာအား “တစ်သံတည်း” ထွက်ကြရန် ဝန်ကြီးချုပမိုဒီက တောင်းဆိုခဲ့သည်။

နယူးဒေလီသည် ဖွံ့ဖြိုးပြီး မြောက်ပိုင်းကမ္ဘာ နိုင်ငံများက လျစ်လျူရှုလေ့ရှိသည့် တောင်ပိုင်းနိုင်ငံများ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသောကြောင့် ယခုနှစ်တွင် အိန္ဒိယက ကျင်းပသည့် ဒုတိယမြောက် အခမ်းအနားဖွင့်ပွဲတွင် မိုဒီက မိန့်ခွန်းပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ပတ်သက်သည့် အိန္ဒိယ၏ ရပ်တည်ချက်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ပိုင်း အများအပြားနှင့် အနည်းငယ် ကွာဟမှုရှိခဲ့သည်။ အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုခဲ့သည့်အတွက် တခဲနက် ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး အိန္ဒိယက မတက်ရောက်ဘဲ ပျက်ကွက်ခဲ့သည့်အတွက် မျက်ခုံးပင့်စရာ ဖြစ်ခဲ့ရပြီးနောက် အပစ်အခတ်ရပ်စဲရေးကို နှုတ်ဆိတ်နေခဲ့သည့် မိုဒီ၏ပြောစကား ထွက်လာတာ ဖြစ်ပါသည်။

ပါလက်စတိုင်းအဖွဲ့မှ ဟားမတ်စ် စစ်သွေးကြွများသည် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ပြင်းထန်စွာ စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြန်လည်ပြင်ဆင်ထားသော အစ္စရေး၏ ခန့်မှန်းချက်များအရ သိရသည်။ ထိုအချိန်မှစ၍ ဂါဇာရှိ ဟားမတ်စ်များ ကြီးမှူးသည့် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်ရေးများ သည် ထိုနေရာတွင် ပြည်သူ ၁၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့တွင် မိုဒီသည် အိန္ဒိယ၏ ရပ်တည်ချက် ကွဲလွဲချက်များကို ရှင်းပြခဲ့သည်။

“အနောက်အာရှဒေသမှာ စိန်ခေါ်မှုအသစ်တွေ ပေါ်ထွက်လာတာကို ကျွန်တော်တို့အားလုံး မျက်မြင်တွေ့နေရပါတယ်” ဟု ၎င်းက အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ပါဝင်သူများအား ပြောကြားခဲ့သည်။ အစ္စရေးအပေါ် “ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မှု” ကို အိန္ဒိယက ရှုတ်ချခဲ့သည်သာမက “တွေ့ဆုံဆွေးနွေးရေးနှင့်သံတမန်ရေးရာဖက်တွင်ဆောင်ရွက်ရန်အတွက် တွန်းအားပေးခြင်းနှင့်အတူ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်လိုကြောင်းဆိုခဲ့သည်”။

ပါလက်စတိုင်း အာဏာပိုင်သမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) နှင့် စကားပြောပြီးနောက် နယူးဒေလီသည် ပါလက်စတိုင်း ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ခဲ့ကြောင်းနှင့် အိန္ဒိယမှ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွင်း အရပ်သားများအားလုံး သေဆုံးမှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မိုဒီက ပြောကြားခဲ့သည်။

“ဤအချိန်သည် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများက “ကမ္ဘာလုံးဆိုင်ရာကောင်းကျိုးအတွက်” တစ်သံတည်း ပြောဆိုသင့်သည့်အချိန်ဖြစ်သည်” ဟု မိုဒီက ဟိန္ဒီဘာသာဖြင့် ပြောကြားခဲ့သည်။ ယခုနှစ်တွင် Group 20 ၏ ဥက္ကဌအဖြစ် အိန္ဒိယ၏ ဆောင်ပုဒ်အတိုင်း “ကမ္ဘာတစ်ခု၊ မိသားစုတစု၊ အနာဂတ်တခု” ဟူသော ဆောင်ပုဒ်အတိုင်းကို လိုက်နာပြီး “အတူတကွ ရှေ့သို့တက်လှမ်း ကြရန်” ပါဝင်သူများကို ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂတွင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ရှောင်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံတွင်း အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ ဂါဇာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်း ဆောင်ရွက်ရန် အာဆီယံကာကွယ်ရေးဝန်ကြီးများက တညီတညွတ်တည်း တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် မိုဒီက ထိပ်သီးအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်အများစု နေထိုင်သည့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် စစ်ပွဲအတွင်း အစ္စရေး၏ အပြုအမူအပေါ် ပိုမိုပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

သို့သော် ၎င်းတို့တွင် ကွဲပြားမှုများရှိနေသော်လည်း၊ တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာအဖွဲ့၏ လျော့ရဲသောအုပ်စုတွင် ကျရောက်နေသော နိုင်ငံပေါင်း ၁၀၀ ကျော်သည် ကျယ်ပြန့်၍တူညီသောအကျိုးစီးပွားနှင့် ဦးစားပေးမှုများတွင် ဝေမျှထားကြကြောင်း မိုဒီက အလေးပေးပြောကြားခဲ့သည်။

ယခုနှစ် G20 ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် နယူးဒေလီ၏ ရည်မှန်းချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံအများစုကို ပိုမိုပါဝင်လာစေပြီး လူသားဆန်သော အုပ်စုအဖွဲ့ဖွဲ့ရန် ဖြစ်ကြောင်း အိန္ဒိယခေါင်းဆောင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အာရုံစိုက် ကြိုးပမ်း နေတာက ပြည်သူလူထု ဖွံ့ဖြိုး တိုးတက်လာရေးကို ပြည်သူတွေက ပြည်သူ့အတွက် လုပ်ဆောင်ပေးခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလတွင် နယူးဒေလီတွင် ခေါင်းဆောင်များ တွေ့ဆုံမှု အပါအဝင် ယခုနှစ်တွင် အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် G20 အစည်းအဝေးတွင် တက်ရောက်သူ ၂၀၀ ကျော်တွင် အိန္ဒိယက တောင်ပိုင်းကမ္ဘာလုံးဆိုင်ရာအဖွဲ့ ၏လိုအပ်ချက်များကို အာရုံစိုက်ထားသည်ကို မိုဒီက G20 ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်က ထင်ဟပ်နေပါသည်။ “အိန္ဒိယရဲ့ ကြိုးပမ်းမှုကြောင့် နယူးဒေလီ ထိပ်သီးအစည်းအဝေးမှာ အာဖရိကသမဂ္ဂက G20 မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်ကို ကျွန်တော် မမေ့နိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ သောကြာနေ့က မိုဒီ သည် ဉာဏ်ရည်တု အပါအဝင် နည်းပညာနှင့်သက်၍ဝေဖန်ခဲ့ပြီး နည်းပညာတိုးတက်မှုများကြောင့် မြောက်ကမ္ဘာနှင့် တောင်ကမ္ဘာကြား ကွာဟချက်ဖြစ်စေရန် ချဲ့ထွင်ခြင်းကို ခွင့်မပြုသင့်” ဟု သတိပေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက G20 ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ပြီးနောက် အိန္ဒိယသည် နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်သည့် ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာတောင် ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီလတွင် လက်ခံကျင်းပခဲ့သည်။ နယူးဒေလီသည် ဒုတိယအစည်းအဝေးတွင် နိုင်ငံပေါင်းမည်မျှတက်ရောက်ခဲ့သည်ကို မဖော်ပြသော်လည်း အတည်ပြုချက်အများအပြားကို လက်ခံရရှိထားကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အွန်လိုင်းအစည်းအဝေးသည် ဆန်ဖရန်စစ္စကိုရှိ APEC အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင်းဖျင့် နှင့်အမေရိကန် ခေါင်းဆောင်များ အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုတွင် လက်ခံကျင်းပသည့်ပွဲနှင့် တိုက်ဆိုင်နေသည်။

အိန္ဒိယနိုင်ငံ O.P. Jindal Global တက္ကသိုလ် မှ ပါမောက္ခ Pankaj Jha က “အိန္ဒိယဟာတောင်ပိုင်းကမ္ဘာရဲ့ အသံအဖြစ် ဆက်လက် ရပ်တည်နေလိုတဲ့အကြောင်းရင်းက သူ့အနေနဲ့ အခုလိုကိစ္စကို လက်ခံယူခဲ့တာကြောင့် အလွန်ထောက်ခံမှု ရရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုလကုန်တွင် ကုန်ဆုံးမည့် အိန္ဒိယ၏ G20 သမ္မတရာထူး အပြီးတွင် လာမည့် ဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် ဘရာဇီးနှင့် တောင်အာဖရိက တို့သည် တောင်ကမ္ဘာလုံးဆိုင်ရာ နဖူးစည်း အောက်တွင် ပါဝင်လာကာ အုပ်စုဖွဲ့ စည်းလုံးမှုကို ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ပြင်ပနိုင်ငံတစ်ခုခုက ချုပ်ကိုင်သည့်အခါ တောင်ကမ္ဘာ၏ ဦးစားပေးမှုများသည် လမ်းကြောင်းလွဲသွားနိုင်ကြောင်း Jha က ပြောကြားခဲ့သည်။ “ဒီအချိန်ဟာ တောင်ကမ္ဘာ (Global South) မှ အသံများကို ထုတ်ဖော်ရန် အချိန်ကောင်းဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက