နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

1027 Operations

1027 Operations

သိန္နီမြို့နယ် ရွာသူကြီးများကို ကိုးကန့်တပ် (MNDAA) က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး ညွှန်ကြားဟုဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည် သိန္နီမြို့နယ်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာက ရွာသူကြီးတွေကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး အရေးကြီး အချက် (၆) ချက်ကို အမိန့်ပေးခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် သတင်းဌာနများမှာ ဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သိန္နီမြို့နယ်အတွင်းမှာရှိတဲ့ စယ်အူနဲ့ နမ့်စလပ်ကျေးရွာအုပ်စုတွေက ရွာသူကြီးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဆင့်ခေါပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အချက် (၆) ချက် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ အချက်တွေကတော့ (၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန်၊ ဆရာ/ ဆရာမများကို စာရင်းပေးပို့ရန်၊ (၂) ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန် (၃) ကိုးကန့်တပ်က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း။ (၄) ကိုးကန့်တပ်ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်ရင် လုံးဝ မထည့်ရန် (၅) အင်တာနက်သုံးတဲ့ လူစာရင်းပေးရန် (၆) မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးတဲ့သူတွေကို ဖမ်းမိရင် ပြန်မလွှတ်ပေးဘဲ စစ်သားအဖြစ် စုဆောင်းရမယ် ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA က ဆင့်ခေါ်သည့် ဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က စယ်အူအထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပြီး သိန္နီမြို့နယ်အတွင်းရှိ စယ်အူနဲ့ နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးတွေနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က တာဝန်ရှိသူတွေ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ဟာ ကိုးကန့်တပ် MNDAA က သတ်မှတ်ထားတဲ့ အထူးဒေသ (၁) မှာ ပါဝင်ပြီး ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီ (မူပန်) ခရိုင်နဲ့ မုံးကိုးခရိုင် ဆိုပြီး ဖွဲ့စည်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်သတင်းဌာနကို ပြောဆိုထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတယ်လို့ကြေညာထားတဲ့ ပန်ဆိုင်း (ကြူကုတ်) မြို့မှာလည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံတွေ ပြောကြားတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးတဲ့လူငယ်တွေ အပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့လူငယ်တွေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပြီး အခုတကြိမ် ခေါ်ယူတဲ့ အစည်းအဝေးမှာ စစ်မှုထမ်းကိစ္စကို ပြောဆိုခဲ့ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစတင်ပြီး သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး လက်ရှိအချိန်အထိ သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်လောက်မှာလည်း အခြားဒေသတွေကို စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး စာဖတ်သူတစ်ဦးကတော့ “ ကျားကြောက်လို့ ရှင်ကြီးကိုးပါတယ်ဆို ပေါ်တာက ဆွဲခံနေရသေးတယ်” လို့ မှတ်ချက်ပေးထားပါတယ်။

နောက်တယောက်ကတော့ “ လူရမ်းကားတစ်ယောက်ကြောင့် အခုလိုဗရမ်းဗတာ ပြဿနာတွေ ဖြစ်လာရတာ၊ ပုံမှန်လမ်းကြောင်းကိုရောက်ဖို့ အတော်ကိုပြန်ပြီး အချိန်ယူကြိုးစားရတော့မယ်” လို့ မှတ်ချက်ပေးထားပါတယ်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း လက်နက်ကိုင်တပ်တွေဟာ ကြားကာလတစ်ခုပဲ နိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ပါသင့်ပြီး အခြေအနေတွေ တည်ငြိမ်လာရင် ဒေသခံပြည်သူတွေရွေးချယ်တဲ့ခေါင်းဆောင်ကို တင်မြှောက်ပြီး ကိုးကန့်တပ်က နိုင်ငံရေးမှာ ဆက်လက်မပါတော့ဘဲ နယ်မြေကာကွယ်ရေးကိုပဲ ဦးစားပေး လုပ်ရမှာ ဖြစ်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

စစ်တပ်က CDM လုပ်လာတဲ့သူ အဆင့်မြင့်အရာရှိတစ်ဦးကလည်း ကျနော်အမြင်ကတော့ သေနတ်ကိုင်ထားရင် တကယ်ကို မန်တက်တတ်ပါတယ်။ အနည်းနဲ့အများ လက်နက်အားကိုးပြီး အာဏာပြချင်တဲ့စိတ်က ဖြစ်ကို ဖြစ်ပါတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်တတ်တဲ့သဘာဝကို နားလည်ပြီး ကိုယ့်ကိုကိုယ် ထိန်းဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

Source: Shan News

ဓာတ်ပုံ။

သိန္နီမြို့နယ်အတွင်း ပျက်စီးမှုများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီ အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောဆောင်နေတယ်လို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ
1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 15 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့
1027 Operations မြန်မာသတင်း

‌သီပေါမှာ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၆)ရက်။ သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စံဖိတ်ကျေးရွာမှာ ဖုန်းအသုံးပြုနေတဲ့ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးသွားတယ်လို့
1027 Operations မြန်မာသတင်း

တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ တအာင်းပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၈)ရက်နေ့က မိုးကုတ်မြို့အရှေ့ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 42 Views
ဇန်နဝါရီလ (၂၈)ရက်။ ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး