မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာက ဆေးရုံကို မနေ့က ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်က အသက် ၁၆ နှစ် အရွယ် လူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သလို ပြည်သူ ၁၄ ဦးကိုလည်း လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြီးကန်ကျေးရွာက ကျေးလက်ဆေးရုံကို မနေ့က မွန်းလွဲ ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က Mi -35 နဲ့ ပစ်ခတ်မှုတွေပြုလုပ်ပြီး Mi -17 နှစ်စီးနဲ့ လူတွေချကာ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။












အဲဒီစီးနင်းမှုမှာ ဒေသခံပြည်သူတွေနဲ့ ဆေးရုံက လူနာနဲ့ လူနာစောင့် ၂၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။
စစ်တပ်က ဧပြီ (၁၉) ရက် မွန်းလွဲ ၁၀ နာရီ ၄၈ မိနစ်ခန့်မှာ Mi 35 (၁) စီးနဲ့ ပစ်ခတ်ပီး မကြီးကန်ကျေးရွာရှိ ဆေးရုံအဆောက်အဦနဲ့ ပြည်သူပိုင်နေအိမ် (၄) လုံး၊ ကား (၂) စီး၊ ဆိုင်ကယ် (၄) စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွေဦးတော်လှန်ရေး (မြိုင်) က အသိပေးထုတ်ပြန်ထားတာပါ။
ဒါအပြင် စာသင်ကျောင်းကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့ပြီး ကန်နီမှာရှိတဲ့ ပျူရွာကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
Era’sEyes/Photo -CJ