စစ်ကောင်စီတပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
နောင်ချိုမြို့နယ်ဘက်က ရွာတွေနဲ့ နီးစပ်တဲ့ ဒိုးပင်နဲ့ ကုလားကွဲရွာက ဒေသခံ တစ်ထောင်ခန့်ဟာ ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုက်ပွဲထပ်ဖြစ်မှာစိုးရိမ်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဟိုခို၊ ဟိုခဲ၊ သံဘို၊ ကုန်းကြီး စတဲ့ရွာတွေမှာလည်း ဧပြီလ ၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီလေးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ သုံးထောင်ကျော်ဟာလည်း နောင်ချိုမြို့ပေါ်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သံဘိုရွာက ကလေးငယ်နှစ်ဦးဟာ တိုက်ပွဲကြောင့် သေဆုံးခဲ့ရပြီး ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
အိမ်ခြေ ၇၀ ခန့်ရှိတဲ့ ဟိုခဲရွာမှာလည်း အိမ်ခြေ ၂၀ နီးပါး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။တိုက်ပွဲ ပြင်ထန်တာကြောင့် နှစ်ဘက်ထိခိုက် ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Era’sEyes/လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားတဲ့ ရှမ်းပြညမြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခဲရွာကနေအိမ်အချို့ကို ဧပြီလ ၁၈ ရက်က တွေ့ရစဉ်။ (Photo: Citizen Journalist)/ REF:RFA