မြဝတီံ မြို့အနီး မဲကနယ်ရွာ မှာ ဧပြီ(၁၉)ရက် မနက်ပိုင်းအထိ တိုက်ပွဲ တွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ မြဝတီ သင်္ကန်းညီနောင်သွား ကားလမ်းအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့သိရပါတယ်။
နှစ်ဆန်းတစ်ရက်နေ့က စပြီး နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။
မြဝတီ မြို့ခံများလည်းတိုက်ပွဲများကြောင့် စျေးအသွားအလာ မဖြစ်မနေကိစ္စများကလွဲပြီး မြို့ပြင် ကိုမထွက်တော့ဘူးလို့သိရပါတယ်။
ဧပြီ ၁၉ ရက်မနက်မှာလည်းပစ်ခတ်မှုတွေဖြစ်ပေါ်နေဆဲဖြစ်ပြီး မြဝတီမြို့ပေါ် ကတော့ ကားသွားကားလာ အနည်းငယ် သာရှိတယ်လို့သိရပါတယ်။
Era’sEyes /Photo-CJ