ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုသတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဧပြီလ (၁၆) ရက်နဲ့ (၁၇) ရက်တို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် (KA) ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။











စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အမြောက်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧပြီလ (၁၇) ရက်နဲ့ (၁၈) ရက်နေ့တွေမှာလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်က သေဆုံးမှု အခြေအနေတွေ မသိရသေးပါဘူး။
Era’sEyes /Photo-KNPP/တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို တွေ့ရစဥ်။