မဲလိမ်မှုတွေရှိတယ်လို့ တိုင်ကြားမှုတွေရှိနေပေမယ့် ရွေးကောက်ပွဲအနိုင်ရ အမတ်၅၀၀စာရင်းကို ထိုင်းရွေးကောက်ပွဲကော်မရှင်က အတည်ပြုလိုက်ပါတယ်။
ရွေးကောက်ခံ လွှတ်တော်အမတ် ၄၀၀ နှင့် ပါတီကိုယ်စားပြု အမတ် ၁၀၀ တို့ကို အတည်ပြုခဲ့ပြီဖြစ်ကြောင်း ထိုင်းရွေးကော်ကကြေညာခဲ့ပြီး အမတ်တွေအနေနဲ့ ဇွန်လ၂၄ရက်အတွင်း အထောက်အထားလက်မှတ်တွေကို ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။
မဲလိမ်မှုတွေ၊ မသမာမှုတွေရှိတယ်လို့ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ရက် ၆၀ အတွင်း အပြီးသတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် ရလဒ်များကို အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံအတွက် မျှတမှုရှိရမည် ဖြစ်ကြောင်း၊ တင်ပြထားသော စာရွက်စာတမ်းတိုင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထိုင်းရွေးကော်ကထုတ်ပြန်ခဲ့ပါတယ်။