ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အရာရှိ သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်အားပေးခဲ့တယ်လို့ ယာယီသမ္မတက ဇွန် ၂၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲကျင်းပသည့် နေ့ရက်နှင့် နေရာဒေသကို ဖော်ပြမထားသော်လည်း လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ကြောင်း အသိပေးထားပြီး ယာယီသမ္မတ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထားတာကိုတွေ့ရပါတယ်။
လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့သည့် အဆိုပါ သင်တန်းသို့ နိုင်ငံတဝန်းရှိ ပြည်သူ့ကာကွယ်ရေးသင်တန်းသားများ ပါဝင်တက်ရောက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၈ရက်ကလည်း ယာယီသမ္မတသည် ပြည်သူကာကွယ်ရေးတပ်မတော် ယူနီဖောင်းဝတ်ဆင်ပြီး PDF များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းကို ယာယီသမ္မတ Facebook တွင် ဖော်ပြခဲ့တာကိုလည်းတွေ့ရပါတယ်။
ယာယီသမ္မတအပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရအစိုးရ အဖွဲ့ဝင်များသည် ယခင်ကလည်း PDF စခန်းများနှင့် ရှေ့တန်းစစ်မြေပြင်နေရာများသို့ သွားရောက်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
Era’sEye/(PDFများ တက်ရောက်သည့် အရာရှိသင်တန်းဆင်းပွဲ ယာယီသမ္မတ တက်ရောက်နေစဉ်)