မန္တလေးတိုင်း၊မတ္တရာမြို့နယ် ရုံးပင်ရွာမှ ကြပ်ပြင်ရွာသို့ စစ်ကူလာတဲ့ အင်အား၄၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးအဖွဲ့ကဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကြပ်ပြင်ရွာမှာ တပ်စွဲနေစဉ် ဒီနေ့နေ့လယ် ၁၁နာရီခန့်က စနိုက်ပါဖြင့် အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။စနိုက်ပါဖြင့် ၃ချက်ပစ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးရဲဘော်တွေကဆိုပါတယ်။
Era’sEye