နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး အများအပြားထိခိုက်သေဆုံးခဲ့


မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာ တစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု ဝင်ရောက်စီနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ Myingyan Black Tiger(MBT)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။



အာဇာနည်နေ့အား ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင်လ ၁၉ရက်နေ့ နံနက် ၅နာရီအချိန်က ရေစကြိုမြို့နယ်၊ ဟင်္သာ(ရွာမ)ကျေးရွာမှဦ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို Myingyan Black Tiger(MBT)တပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဟင်္သာရွာမကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စကစတပ်စခန်းကို Myingyan Black Tiger(MBT)တပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ပြီး စကစတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်”လို့ MBT တပ်ဖွဲ့က ပြောပါတယ်။

ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလို RPG-7 ပြောင်း ကွဲသွားတာကြောင့် ရန်သူ့ဘန်ကာကို ဆက်လက်မဖြိုခွင်းနိုင်တော့ဘဲ ရဲဘော်အားလုံး အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်နေထိုင်တဲ့ အဆောက်အဦးတစ်လုံး ပြိုကျပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဘက်က အရာရှိ ၂ဦးအပါအဝင် ၁၁ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 22 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 25 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 20 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 19 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို
မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 31 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ ပုသိမ်မြိုနယ် ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖိုရှိတဲ့ ဦးမြင့်ဌေးဆိုသူဖြစ်ကာ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 34 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 27 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်
မြန်မာသတင်း

ရွေးကောက်ပွဲကို တရားမျှတစွာ ဝင်ပြိုင်ကြဖိုဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 23 Views
ဒီဇင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တရားမျှတစွာ ဝင်ပြိုင်ကြဖို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က ပြင်ဦးလွင်မြိုမှာပြုလုပ်တဲ့ စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူတွေကလွဲပြီး ကျန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး