နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထန်တလန်မြို့နယ်က CDFစခန်းတစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်အတွင်းက ဆက်သွယ်ရေးတာဝါတိုင်ကုန်းမှာ အခြေပြုနေတဲ့ CDF စခန်းကို ဒီကနေ့ မနက်မှာပဲ စစ်ကောင်စီက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်တွေ ဖော်ပြခဲ့ပါတယ်။
ဒီကနေ့မနက် ၄ နာရီခွဲက ထန်တလန်မြိုနယ် ဟားခါး-ထန်တလန် ကားလမ်းမဘေးက တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။


အဲဒီဖြစ်စဉ်မှာ CDF ဘက်က ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ သိရပြီးတော့ RPG ၁ လက်၊ M-4 ၁ လက်၊ M-22 ၂ လက်၊ Sporting Rifle (မှန်ပြောင်းပါ) ၂ လက်၊ Sporting Rifle (မှန်ပြောင်းမပါ) ၄ လက်၊ MA-2 ၁ လက်၊ ၁၂ ဗိုသေနတ် ၁ လက်၊ ဘီအေ-၆၃ ကျည်အိမ် ၇ ခု၊ Sporting Rifle ကျည်အိမ် ၅ ခု၊ M-4 ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု၊ ၃၀ တောင့်ဝင်ကျည်အိမ် ၅ ခု၊ M-22 ကျည် ၃၅၀၀ တောင့်၊ ၅.၅၆ မမကျည် ၂၅၀၀ တောင့်၊ ပွိင့်-၃၁၅၈ ကျည် ၅၀ တောင့်၊ Sporting Rifle ကျည် ၁၁၀၀ တောင့်၊ လက်လုပ်မိုင်း ၁၀၁ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF ဘက်ကတော့ အဲဒီဖြစ်စဉ်ကို အခုထိတော့ အတိအလင်း ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဋိပက္ခတွေကြား သတင်းသမားတွေ ဘေးကင်းလုံခြုံဖို့ အာဏာပိုင်အဖွဲ့တွေကို IPCM တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်နဲ့ (၁၈)နေ့တို့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒီပဲယင်းနယ် စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့၊ အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
ဇန်နဝါရီလ (၁၉)ရက်။ ‌ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်ကျော်အချိန်က ဒီပဲယင်းနယ်အနောက်တောင်ခြမ်းရှိ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 40 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 37 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စလင်းမြို့ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်တပ်က အင်အား(၂၀၀)လောက်နဲ့ ထွက်လာပြီး
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 30 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 28 Views
ဇန်နဝါရီလ (၁၉)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက
မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 46 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာနိုင်ပါ့မလားဆိုတာကို ဒီအပတ်တနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ည မြန်မာစံတော်ချိန် ည ၇နာရီခွဲမှာခေတ်မျက်လုံးရဲ့
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 43 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။ “ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့