နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မော်လမြိုင်-ရေး- ထားဝယ်လမ်းပိုင်းမှာ လုံခြုံရေးနဲ့ ယာဉ်စစ်ဆေးမှု PDF‌ တွေဆက်လက်ပြုလုပ်

တောင်ညိုစစ်ကြောင်းရဲဘော်တွေဟာ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုံခြုံရေးနဲ့ ယာဥ်စစ်ဆေးခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ် (၂၀) ရက် မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးမှု ပြုလုပ်တဲ့နေရာဒေသနဲ့ အချိန်ကို ဖော်ပြမထားပေမယ့် ကုန်တင်ယာဉ် ၊ ခရီးသည်ယာဉ်တွေ အပါအဝင် လမ်းအသုံးပြုနေတဲ့ယာဉ်‌ေတွကို စစ်ဆေးနေတဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့တာပါ။

အဲဒီလမ်းပိုင်းမှာ PDFနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်တွေ ပူးပေါင်းပြီးတေ့ လုံခြုံရေးစစ်ဆေးမှုတွေကို ဒီနှစ် ဇွန်လလယ်ကစပြီး ခပ်စိပ်စိပ်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

KTLA ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၄)နာရီအချိန်က ကစယ်ဒိုမြို့ သမီးပေါ်သောရွာမှာ KNLA တပ်ဖွဲ့ဝင်တွေကို KTLA က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သမီးပေါ်သောရွာထဲ လုံခြုံရေးယူနေတဲ့
မြန်မာသတင်း

ငဖဲမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ ကပစ(၁၄) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တပ်ချုပ်အသစ်က လေတပ်ဦးစီးချုပ်နေရာ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 28 Views
ဧပြီလ (၂၂)ရက်။ တပ်ချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်ဦးစီးချုပ်နေရာအတွက် ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လေတပ်ဦးစီးချုပ်အနေနဲ့ ရာထူးတိုးမြှင့်ခန့်အပ်ခံရတဲ့ ထွန်းဝင်းဟာ ၁၉၈၉ခုနှစ်မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၄)ဆင်းဖြစ်တယ်လို့
မြန်မာသတင်း

သရက်ကန်ပျူစောထီးရွာမှာ စစ်ကော်မရှင်ရဲတဦး မိုင်းဆွဲခံရကာ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 30 Views
ဧပြီလ (၂၂)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ
မြန်မာသတင်း

အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
လူမှုကွန်ရက်က သတင်းမှားတွေနဲ့ ဖိအားပေးနေတယ်လို့ဆို ဧပြီလ (၂၂)ရက်။ အာဆီယံနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မင်းအောင်လှိုင်က မနေ့ကကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်က မိန့်ခွန်းပြောတာမှာ