နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီ ရဲတပ်ရင်း(၂၆) မှ ရဲနှစ်ဦးပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စစ်ကောင်စီ ရဲတပ်ရင်း (၂၆) မှ ရဲနှစ်ဦးကို ပစ်ခတ်ရာ နှစ်ဦးလုံးသေ ဆုံးကာ G3 သေနတ်နှစ်လက်နဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း – Aung San Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ကံဇီးပျူရွာက ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား နှစ်ဦးကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ဦးနေရာမှာပွဲချင်း ပြီးသေဆုံးပြီး ကျန်တစ်ဦးက်ို ဒဏ်ရာအပြင်းထန်နဲ့ အရှင်ဖမ်းဆီးရမိခဲ့ပေမယ့် ဒဏ်ရာကြောင့် ​သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ရိက္ခာရှာထွက်လာတဲ့ တပ်သား ၂ ဦးကို လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့တာပါ။ တစ်ယောက်ကတော့ ကျည်မှန်ပြီးကျသွားတယ်။ တစ်ယောက်ကတော့ဒဏ်ရာ‌ ပြင်းထန်တယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သားတွေဆီက G3 ၂ လက်၊ ကျည်အိမ် ၅ ခု၊7.62ကျည် (၁၅၀)ကျည်ကာအင်္ကျီ (၁)ထည်၊လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပြင်ကံဇီးပျူစောထီးကျေးရွာကို စစ်ကောင်စီတပ်က တပ်စွဲထားတာ (၂)နှစ်ခန့်ရှိပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေ တာကြောင့် အရေးပေါ် လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေကို ကူညီပါဝင်ပေးကြဖို့နဲ့ ရန်သူ့တပ်စခန်းနေရာတွေကို အတက်နိုင်ဆုံး ရှောင် ရှားသွားလာပေးကြပါဖို့ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံအပ်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း(၄)ရင်း ဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင် တပ်ရင်း၂၅) သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈) နဲ့အတူ We Must Winမီးတောက်တပ်ခွဲ(၄)တို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို