နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၇၂) နာရီအတွင်း နွေဦးဘဏ်အစုရှယ်ယာဝယ်ယူမှု ကန်ဒေါ်လာ (၅)သန်းအထိရရှိထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ ခေတ်မျက်လုံး။

နွေဦးဘဏ်အစုရှယ်ယာ တိုကင်ဝယ်ယူမှု အမှာစာဟာ (၇၂)နာရီအတွင်း အမေရိကန်ဒေါ်လာ (၅) သန်းအထိရရှိထားတယ်လို့ SDB ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ဒီအောင်မြင်မှုမှာ ပါဝင်ခဲ့သူတိုင်း အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်။ ပြည်သူလူထုမှ နွေဦးဘဏ် အစုရှယ်ယာ တိုကင်များ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရန်ပုံငွေမြှင့်တင်ကောက်ခံသူများ၊ ဩဇာတိက္ကမ လွှမ်းမိုးသူများ၊ NUG အဖွဲ့ဝင် အရာရှိများ၊ မီဒီယာလုပ်ဖော်ကိုင်ဖက်များနဲ့ နွေဦးဘဏ်ရဲ့ အမာခံအသိုက်အဝန်းက ပြောင်မြောက်လှတဲ့ အလေးထားပံ့ပိုးမှုများကို ပြသခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

ဒါ့ပြင် နိုင်ငံပေါင်း (၃၃)နိုင်ငံက အကောင့်သစ်ဖွင့်သူ (၂၀၀၀၀)ခန့်ကိုလည်း ကြိုဆိုလက်ခံတဲ့အနေနဲ့ အထူးခြားဆုံးသမိုင်းမှတ်တိုင်တွေကို စိုက်ထူခဲ့ကာ အခုလိုအောင်မြင်မှုတွေဟာ နွေဦးဘဏ်မှာ သက်ဆိုင်ပါဝင်သူတွေရဲ့ ယုံကြည်မှုနဲ့ ကတိကဝတ်ပြုမှုကို ထင်ဟပ်စေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို အင်တိုက်အားတိုက် အားပေးမှုတွေကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ နည်းပညာနဲ့ ဝန်ဆောင်မှုရေးရာ အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေပြီး စိတ်ရှည်သည်းခံမှုနဲ့ နားလည်စောင့်ဆိုင်းပေးမှုတို့ကို ဦးညွှတ်လေးစားတန်ဖိုးထားတယ်လို့ ရေးသားထားပါတယ်။

ဒီခရီးစဉ်ကို အတူတကွ ဆက်လက်မောင်းနှင်ရင်း သမိုင်းမော်ကွန်းသစ်ကို ရေးထိုးနေကြတာကြောင့် ပွင့်လင်းမြင်သာမှုရှိတဲ့ ကျင့်ဝတ်ဆိုင်ရာ အလေ့အကျင့်ကောင်းတွေနဲ့ ညီညွှတ်မျှတတဲ့ အုပ်ချုပ်ရေးယန္တရားအပေါ် ခိုင်မာတဲ့ သစ္စာအဓိဌာန်ပြုကြောင်းကိုလည်း ထပ်လောင်းပြောဆိုထားပါတယ်။

အမေရိကန်ဒေါ်လာ (၁၀) သန်းတန် နွေဦးဘဏ်အစုရှယ်ယာ ရောင်းချတာကို (၁၀)ရက်ကြာ ပြုလုပ်နေတာဖြစ်ပြီး စုပေါင်းပန်းတိုင်တွေနဲ့ မျှော်ရည်ရာ အောင်ပွဲတွေ အထမြောက်နိုင်ဖို့ အတူတကွ လက်ကမ်းကြိုဆိုကြဖို့ တိုက်တွန်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို