နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီတပ်စခန်းအားလုံးကို ပြန်လည်သိမ်းပိုက်ရရှိပြီလို့ KNU ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်၊ ခေတ်မျတ်လုံး။

မူတြော်ခရိုင်မြောက်ပိုင်း၊ သံလွင်မြစ်ကမ်းဘေးက စစ်ကောင်စီတပ်စခန်းအားလုံးကို ပြန်လည်သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ KNU ရဲ့ ဒီကနေ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သံလွင်မြစ်ကမ်းဘေးမှာ စစ်ကောင်စီက နှစ်ပေါင်း (၃၀)ကြာ ကျူးကျော်တပ်စွဲထားတဲ့ ဖဲထာအနီး ပွိုင့်(၉၃၉) မိုလိုကျိုးတပ်စခန်းကို KNLA နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ (၂၄)ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်စခန်းကို စတင်ထိုးစစ်ဆင်ချိန်မှာ အလုံးစုံ သိမ်းပိုက်နိုင်တာ မရှိခဲ့ပေမယ့် ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ ဒုတိယအကြိမ် ထိုးစစ်ဆင်တဲ့အချိန် အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖဲထာအနီး ပွိုင့်(၉၃၉) မိုလိုကျိုးတပ်စခန်းဟာ ကရင်နီပြည်နယ်နဲ့ ထိစပ်တဲ့ မူတြော်ခရိုင်နယ်မြေထဲ တည်ရှိတာဖြစ်ပြီး အဲ့ဒီတပ်စခန်းအောက်မှာ စော်ထာ၊ သိမူထာတပ်စခန်းတွေ တည်ရှိတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

သိမူထာတပ်စခန်းကို KNLA က ၂၀၂၁ခုနှစ် မတ်လ (၂၇)ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပြီး မိုလိုကျိုးတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် စော်ထာတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့
မြန်မာသတင်း

မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 11 Views
ဇွန်လ (၁၆)ရက်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို မတူကွဲပြားတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူထုအစုအဖွဲ့တွေအကြား တူညီတဲ့ ပြည်နယ်ကိုယ်စားပြုမှု ခိုင်မာဖို့နဲ့ တော်လှန်ရေးအင်အား တိုးတက်ခိုင်မာဖို့
မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတရားခံဟာ မင်းမင်းစိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိန်းကျင့်ကာ သတ်ဖြတ်ပြီး
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ကော်သူးလေနေ့” ဟာ “ ကော်သူးလေအစိုးရ”
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 33 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ