ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် နယ်မြေရှိ ဂျေယန်းစစ်ရှောင်စခန်းမီးလောင်မှု ဖြစ်ပွားခဲ့၍ စစ်ရှောင်များ မီးဘေးသင့်ခဲ့ရကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ က အသိပေးထုတ်ပြန်ထားပါတယ်။
KIOဌာနချုပ် လိုင်ဇာနှင့် မိုင်အနည်းငယ်သာကွာသည့် ဂျေယန်းစစ်ရှောင်စခန်း၌ မတ်လ ၁၉ရက် မွန်းလွဲ ၃နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။





အဲဒီ မီးလောင်မှုကြောင့် အိမ်ထောင်စု ၃၇ခုမှ လူဦးရေ ၁၇၈ ဦး မီးဘေးသင့်ခဲ့ကြရတယ်လို့သိရပါတယ်။
ဂျေယန်းစစ်ရှောင်စခန်းသည် KIAနှင့် စစ်ကောင်စီတပ်တို့ ၂၀၁၁က တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက်ပေါ်ပေါက်လာသည့် စစ်ရှောင်စခန်းတခု ဖြစ်ပါတယ်။