နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီး အာရပ်ညီလာခံမှာ မွတ်ဆလင်တွေကို ဘယ်လို စည်းရုံးခဲ့သလဲ။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီးသည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်စဉ် မေလ (၁၉) ရက်နေ့တွင် အာရပ်အဖွဲ့ချုပ်ညီလာခံ၌ အာရပ်နိုင်ငံခေါင်းဆောင်များအား မိန့်ခွန်းပြောကြားခဲ့သည်။ “အာရပ်အဖွဲ့ချုပ်ညီလာခံတွင် ပါဝင်သူအချို့ဟာ ယူကရိန်းရဲ့ ဆင်းရဲဒုက္ခတွေကို မမြင်ချင်ယောင်ဆောင်နေကြပြီး မျက်ကွယ်ပြုထားကြတယ်၊။ အခြေအနေကို ရိုးသားစွာကြည့်ရှုရန် တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


ဆီးရီးယားသမ္မတ အာဆတ်သည် ဆယ်စုနှစ်တစ်ခုခန့်အတွင်း ပထမဆုံးအကြိမ် အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇလန်းစကီး၏မိန့်ခွန်းမစတင်မီ မိနစ်ပိုင်းအလိုတွင် ကင်မရာက ရိုက်ယူနိုင်ခဲ့သည်။ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့သည် ယမန်နှစ်က ယူကရိန်းရှိ ပြည်နယ်လေးခုအား ရုရှား၏ သိမ်းပိုက်မှုကို အတည်ပြုထောက်ခံ ထားသည့် နှစ်ခုတည်းသောနိုင်ငံဖြစ်သည်။


အင်္ဂလိပ်ဘာသာဖြင့် ပြောသည့်မိန့်ခွန်းတွင် ဇလန်းစကီးက ခေါင်းဆောင်များအား “ ရှည်လျားသောစစ်ပွဲတွေကြောင့် လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်တို့မှာ ဘယ်လောက်ဒုက္ခရောက်ခဲ့တယ်ဆိုတာကို ကြည့်ရှုပေးပါ၊ ဆူဒန်၊ ဆိုမားလီးယား၊ အီရတ်၊ အာဖကန်တို့မှာလည်း ရှည်လျားသောစစ်ပွဲတွေကြောင့် ဘယ်လောက်ထိ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလဲဆိုတာ ကြည့်ရှုကြပါ” ဟု ပြောကြားခဲ့သည်။


ဆက်လက်၍ “ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ဒီနေရာကို ရောက်လာတဲ့ခေါင်းဆောင်တွေ အများကြီးရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။


ဒီစည်းဝေးပွဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေကို သဘောထား ကွဲလွဲသူတွေ ရှိရင်တောင် ရုရှားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ လူတွေကို ကယ်တင်ဖို့ စည်းဝေးကြမယ်လို့ ယုံကြည်ကြောင်း ၎င်းက ဆက်ပြောခဲ့ပြီး “ကံမကောင်းစွာဘဲ ဒီနေရာမှာ ရောက်ရှိနေတဲ့ ခင်ဗျားတို့တို့ထဲက တချို့ကတော့ ဒီစခန်းတွေနဲ့ တရားမဝင် သိမ်းပိုက်မှုတွေကို မမြင်ချင်ယောင်ဆောင်နေကြပြီး မျက်ကွယ်ပြုနေကြတယ်။” ဟု ရည်ညွှန်းပြောကြားခဲ့သည်။


သမ္မတဇလန်းစကီးသည် ယခုခရီးစဉ်ကို ခရိုင်းမီးယားတာတာခေါင်းဆောင် Mustafa Djemilev နှင့်အတူ ဆော်ဒီအာရေဗျအနောက်ပိုင်းရှိ ဂျဒ်ဒါသို့ သွားရောက်ခဲ့သည်။


သမ္မတဇလန်းစကီးက “ ရာစုနှစ်ပေါင်းများစွာ၊ ခရိုင်းမီးယားတာတာများဟာ ကမ္ဘာလုံးဆိုင်ရာ မွတ်ဆလင်အသိုက်အဝန်း၏ မရှိမဖြစ်၊ ခိုင်မာသော အစိတ်အပိုင်းတစ်ခုအဖြစ် ရောက်ရှိလာပြီး အခုကစပြီး အဲဒီလိုပဲ ဖြစ်သင့်တယ်” ဟု ညီလာခံတွင် ပြောကြားခဲ့သည်။ “ ဒါပေမယ့် ခရိုင်းမီးယားဟာ ရုရှားရဲ့ မတရား သိမ်းပိုက်မှုကို ပထမဆုံး ခံစားခဲ့ရတာပါ။ ဒီနေ့အထိ ခရိုင်းမီးယားရဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ဖိနှိပ်မှု အများဆုံးကို ခံစားနေကြရတာဟာ မွတ်ဆလင်အများစု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် ရုရှားက သိမ်းပိုက်ခဲ့ပြီး ရုရှားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။
Photo: Saudi TV/Reuters /ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပနေသည့် အာရပ်ထိပ်သီးအစည်းအဝေးညီလာခံမှာ မိန့်ခွန်းပြောနေစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 39 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း