နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီး အာရပ်ညီလာခံမှာ မွတ်ဆလင်တွေကို ဘယ်လို စည်းရုံးခဲ့သလဲ။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီးသည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်စဉ် မေလ (၁၉) ရက်နေ့တွင် အာရပ်အဖွဲ့ချုပ်ညီလာခံ၌ အာရပ်နိုင်ငံခေါင်းဆောင်များအား မိန့်ခွန်းပြောကြားခဲ့သည်။ “အာရပ်အဖွဲ့ချုပ်ညီလာခံတွင် ပါဝင်သူအချို့ဟာ ယူကရိန်းရဲ့ ဆင်းရဲဒုက္ခတွေကို မမြင်ချင်ယောင်ဆောင်နေကြပြီး မျက်ကွယ်ပြုထားကြတယ်၊။ အခြေအနေကို ရိုးသားစွာကြည့်ရှုရန် တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


ဆီးရီးယားသမ္မတ အာဆတ်သည် ဆယ်စုနှစ်တစ်ခုခန့်အတွင်း ပထမဆုံးအကြိမ် အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဇလန်းစကီး၏မိန့်ခွန်းမစတင်မီ မိနစ်ပိုင်းအလိုတွင် ကင်မရာက ရိုက်ယူနိုင်ခဲ့သည်။ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့သည် ယမန်နှစ်က ယူကရိန်းရှိ ပြည်နယ်လေးခုအား ရုရှား၏ သိမ်းပိုက်မှုကို အတည်ပြုထောက်ခံ ထားသည့် နှစ်ခုတည်းသောနိုင်ငံဖြစ်သည်။


အင်္ဂလိပ်ဘာသာဖြင့် ပြောသည့်မိန့်ခွန်းတွင် ဇလန်းစကီးက ခေါင်းဆောင်များအား “ရှည်လျားသောစစ်ပွဲတွေကြောင့် လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်တို့မှာ ဘယ်လောက်ဒုက္ခရောက်ခဲ့တယ်ဆိုတာကို ကြည့်ရှုပေးပါ၊ ဆူဒန်၊ ဆိုမားလီးယား၊ အီရတ်၊ အာဖကန်တို့မှာလည်း ရှည်လျားသောစစ်ပွဲတွေကြောင့် ဘယ်လောက်ထိ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလဲဆိုတာ ကြည့်ရှုကြပါ” ဟု ပြောကြားခဲ့သည်။


ဆက်လက်၍ “ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ဒီနေရာကို ရောက်လာတဲ့ခေါင်းဆောင်တွေ အများကြီးရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။


ဒီစည်းဝေးပွဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေကို သဘောထား ကွဲလွဲသူတွေ ရှိရင်တောင် ရုရှားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ လူတွေကို ကယ်တင်ဖို့ စည်းဝေးကြမယ်လို့ ယုံကြည်ကြောင်း ၎င်းက ဆက်ပြောခဲ့ပြီး “ကံမကောင်းစွာဘဲ ဒီနေရာမှာ ရောက်ရှိနေတဲ့ ခင်ဗျားတို့တို့ထဲက တချို့ကတော့ ဒီစခန်းတွေနဲ့ တရားမဝင် သိမ်းပိုက်မှုတွေကို မမြင်ချင်ယောင်ဆောင်နေကြပြီး မျက်ကွယ်ပြုနေကြတယ်။” ဟု ရည်ညွှန်းပြောကြားခဲ့သည်။


သမ္မတဇလန်းစကီးသည် ယခုခရီးစဉ်ကို ခရိုင်းမီးယားတာတာခေါင်းဆောင် Mustafa Djemilev နှင့်အတူ ဆော်ဒီအာရေဗျအနောက်ပိုင်းရှိ ဂျဒ်ဒါသို့ သွားရောက်ခဲ့သည်။


သမ္မတဇလန်းစကီးက “ရာစုနှစ်ပေါင်းများစွာ၊ ခရိုင်းမီးယားတာတာများဟာ ကမ္ဘာလုံးဆိုင်ရာ မွတ်ဆလင်အသိုက်အဝန်း၏ မရှိမဖြစ်၊ ခိုင်မာသော အစိတ်အပိုင်းတစ်ခုအဖြစ် ရောက်ရှိလာပြီး အခုကစပြီး အဲဒီလိုပဲ ဖြစ်သင့်တယ်” ဟု ညီလာခံတွင် ပြောကြားခဲ့သည်။ “ဒါပေမယ့် ခရိုင်းမီးယားဟာ ရုရှားရဲ့ မတရား သိမ်းပိုက်မှုကို ပထမဆုံး ခံစားခဲ့ရတာပါ။ ဒီနေ့အထိ ခရိုင်းမီးယားရဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ဖိနှိပ်မှု အများဆုံးကို ခံစားနေကြရတာဟာ မွတ်ဆလင်အများစု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် ရုရှားက သိမ်းပိုက်ခဲ့ပြီး ရုရှားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။
Photo: Saudi TV/Reuters /ယူကရိန်းသမ္မတ ဗလော်ဒီမီယာဇလန်းစကီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပနေသည့် အာရပ်ထိပ်သီးအစည်းအဝေးညီလာခံမှာ မိန့်ခွန်းပြောနေစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 68 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်