ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်(ပြတိုက်)ကို လာမယ့် ဇွန်လ၂၇ရက်နေ့ကနေ ဇူလိုင်၁၈ရက်နေ့အထိ ခေတ္တပိတ်သွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
လာမယ့် ဇူလိုင်၁၉ရက်မှာကျရောက်မယ့် ၇၆ကြိမ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ပြပွဲခင်းကျင်းပြသဖို့အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေလုပ်ဆောင်သွားဖို့ ပိတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အာဇာနည်နေ့မှာ ပြည်သူများကို အရင်နှစ်တွေအတိုင်း အခမဲ့ဝင်ရောက်လေ့လာခွင့်ပေးသွားမယ်လို့ သိရပါတယ်။