၂၀၂၃ ခုနှစ်၊ ၈ လ၊ (၁၈) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာမှာ
အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Monywa Underground Guerrilla Force (MUGF) ဆီက သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာ စစ်ကောင်တပ်က သစ်ကွင်းထဲက သစ်တွေသယ်ဖို့အတွက် တပ်ဖြန့်ပြီး နွားခြံကုန်းရွာမှာ အထိုင်ချထားတာကို ကာကွယ်ရေးအဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။
၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထိတွေ့မှု စတင်ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ၈ လ၊ ၂၀ ရက်နေ့ ည (၁၀) နာရီခွဲလောက်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။။ ၃ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။








စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရခဲ့ပြီး အသေအပျောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။။ ၂၀ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ ဘန့်ဘွေးပျူရွာကို အင်အားဖြည့်တင်းဖို့ သွားရာလမ်းမှာလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကို Monywa Underground Guerrilla Force (MUGF) နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ Monywa Underground Guerrilla Force (MUGF) ဟာ အရင်က 5/99 နာမည်နဲ့ လှုပ်ရှားခဲ့ပြီး မကြာသေးခင်က Monywa Underground Guerrilla Force (MUGF) လို့ နာမည်ပြောင်းထားကြောင်း သိရှိရပါတယ်။
Era’sEye\News \ဓာတ်ပုံ။ ပေးပို့။