မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် နန္ဒာတောင်ကျေးရွာရှိ အဝတ်အထည်များ သိုလှောင်ထားတဲ့ ဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အချိန် (၁) နာရီကျော် ကြာတဲ့အထိ မီးမငြိမ်းနိုင်သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ (၂၁) ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး မီးလောင်မှု Level 2 အဆင့် ရှိကြောင်း သိရပါတယ်။
အခု ည (၉) နာရီကျော်တဲ့အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံများထံက သိရပါတယ်။

ဓာတ်ပုံ – Than Htay/FB