တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ရွာ နှစ်ရွာကို စစ်အုပ်စုက ဒီကနေ့ မတ်(၂၁)ရက်မှာ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေလမ်းကနေတစ်ဆင့်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ မတ် ၂၁ရက် မွန်းတည့် ၁၂နာရီမှာ ညောပြင်ကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။







ဒါ့အပြင် နေ့လည်ပိုင်းမှာ ကျောက်ဝပ်ရွာကိုလည်း ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး ခဲ့တယ်လို့သိရပါတယ်။
စစ်အုပ်စုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးသွားတဲ့ အရေအတွက်ကို မသိရသေးပါဘူး။
စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Era’sEyes | Photo – CJ