နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ ကန့်ဘလူတွင် သုံးရက် ဆက်တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ (၁၉) ရက် နံနက် (၁၀) နာရီခန့်က ကန့်ဘလူမြို့နယ်၊ဇီးကုန်းတိုက်နယ်တွင်းရှိ ဘုတ်ကုန်းရွာတွင် ၂ ရက်ခန့် ယာယီအထိုင်ချနေသော စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၈) မှ အင်အား ၁၅၀ ပါ စစ်ကြောင်းနှင့် ဒေသတွင်းတော်လှန်ရေး အင်အားစုများအကြား (၁) နာရီကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြတယ်လို့ သိရှိရပါတယ်။မေလ ၂၀ ရက်နေ့မှာ အဆိုပါ စစ်ကောင်စီတပ်ဟာ ဘုတ်ကုန်းကျေးရွာမှ ထွက်သွားချိန် ၎င်းတို့ရဲ့ နောက်ချန်ကင်းအား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိ၍ ရှေ့ဆက်မတိုးသာဘဲ ဘုတ်ကုန်းရွာအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ အင်အားပြန်ဖြည့်ပြီး ဘုတ်ကုန်းကျေးရွာမှ ပြန်အထွက်မှာ ထိတွေ့မှု ထပ်မံဖြစ်ပွာခဲ့ပြီး တိုက်ပွဲဟာ အချိန် (၁) နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်းတော်လှန်ရေးအဖွဲ့ တွေက စစ်ကောင်စီတပ် ရှိရာသို့ လက်နက်ကြီးများ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာသွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများက ဆိုပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်က ဘုတ်ကုန်းရွာအား မီးရှို့ဖျက်ဆီးသွားခဲ့ ကြပြီး ပျက်စီးအိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။အဲဒီ စစ်ဆင်ရေးကို Kanbalu Underground Warriors ၊မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့၊ MPF-U18၊ လင်းယုန်နီ ၊နယ်မြေခံ (ပကဖ) အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အသိပေးထုတ် ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မေလ ၁၈ ရက်နှင့် ၁၉ ရက်ကလည်း ကန့်ဘလူမြို့နယ် အတွင်းရှိ မန်ကျည်းကုန်းရွာက နေအိမ် ၁၄ လုံး၊ ဆူးတပ်ရွာက အိမ်ခြေ အလုံး ၂၀ တို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ ကြပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၀ရက်မှ မေ ၂၀ရက်အတွင်း ကန့်ဘလူမြို့နယ်မှ ပုဏ္ဏားငယ်၊ လေးတွင်းစဥ်၊ ချောင်းသာ၊ မြေမွန်၊ တရော်ကိုင်း၊ ကန်ကြီးတောတဲတိုက်၊ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်၊ ခအုံးတာ၊ သရက်ခေါင်း၊ ငါးရာနဲ(မ)၊ ချင်မြစ်ကျင်း၊ သိုးဘိုး၊ ညောင်ပေါင်ရင်း၊ ဉာဏ်အင်း၊ ဖလံချိုင်၊ မန်ကျည်းကုန်း၊ ဆူးတပ်၊ ဘုတ်ကုန်းနှင့် ပစ်တိုင်းထောင်ရွာတို့အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားပါတယ်။

Era’sEyes | စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သော ( မန်ကျည်းကုန်းရွာနှင့် ဆူးတပ်ရွာက နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့