ကရင်နီပြည်၊ ဖရူဆိုမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ Union of Karenni State Youth(UKSY)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၂၁ရက်နေ့ ညသန်းခေါင်ယံအချိန် ၁၂နာရီခန့်က စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖရူဆိုမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် ၃ကြိမ် လာရောက်ဗုံးကြဲသွားခဲ့တာပါ။
“တိုက်ပွဲဖြစ်တာမရှိဘဲ ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ လေယာဉ်နဲ့ ၃ကြိမ် ဗုံးလာကြဲသွားတာပါ။ ပြည်သူပိုင်အိမ်တစ်ချို့ ပျက်စီးသွားခဲ့ရပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး”လို့ UKSY က ဆိုထားပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတစ်ရွာအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၆လုံးခန့် ပျက်စီးသွားခဲ့ပြီး လူထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ၂နှဏ်ကျော်ကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် တရားမဲ့သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၁၅၂ဦးသေဆုံပြီး ၁၆၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။
Era’sEye