ယနေ့ ဇွန်လ ၂၂ရက် နံနက်အစောပိုင်းတွင် ချင်းတွင်းတံတားဘက် နမခမှထွက်လာသော စစ်ကောင်စီတပ်များသည် ယင်းမာပင်မြို့နယ် မြောက်ယမားတံတားကူးစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သုံးဘီးဖြင့်ပါလာသော စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးခဲ့သလို အလောင်းများမှာ တံတားအောက်ဖက်တွေကိုပါ လွင့်စင်သွားတာကြောင့် တံတားအပေါ်တင်ရှိနေသော အလောင်းများကိုသာ သယ်ယူနေကြသေးတာဖြစ်ပါတယ်။
“ ဒီနေ့မနက် မျက်နှာသစ်ပြီးပြီးချင်းဘဲ ထွက်ပြေးရတော့တာဘဲ ဘာဖြစ်တာမှန်းလည်းမသိဘူး၊ အခုမှ မိုင်းဆွဲတယ်ဆိုတာသိတာ၊ ပြီးတော့ သုံးဘီးပေါ်ပါလာတဲ့ ခွေးတွေအကုန်သေတယ်ကြားတယ်၊ ပျော်တော့ပျော်တာပေါ့၊ ဒါပေမယ့် အစောကြီးဘာမှန်းမသိထပြေးလိုက်ရတော့ မောတော့မောတာပေါ့၊ ခွေးတွေသေတယ်လို့ကြားရတော့ဝမ်းသာပါတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်ယခုလို စစ်ကောင်စီတပ်သားများသေဆုံးမှုကြောင့် အနီးအနားရှိရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူများအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
ယခုလက်ရှိအချိန်မှာ အနီးအနားရှိရွာများမှ ပြည်သူများ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများလိုအပ်နေတာလည်းဖြစ်ပါတယ်။
Era’sEye